
မေဂျာလိဂ်ကိုပြောင်းရွှေ့ဖို့ ဆွေးနွေးနေတဲ့ တော့တင်ဟမ်စတား
သတင်းတွေအရ တော့တင်ဟမ်အသင်းတိုက်စစ်မှူး တီမိုဝါနာတစ်ယောက် လန်ဒန်မြေကနေထွက်ခွာပြီး မေဂျာလိဂ်မြေကိုပြောင်းရွှေ့ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဝါနာဟာ ပြီးခဲ့တဲ့ဇန်နဝါရီတုန်းက လိုက်ပ်ဇစ်အသင်းထံကနေ ၆ လအငှားနဲ့ တော့တင်ဟမ်အသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ အဲ့နောက် ၁ နှစ်ထပ်မံသက်တမ်းတိုးခဲ့ပြီး တော့တင်ဟမ်မှာ ရုန်းကန်နေရကာ ဒီရာသီပြိုင်ပွဲစုံ ၂၆ ပွဲမှာ ၁ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။
တော့တင်ဟမ် နဲ့ ဝါနာတို့ကြား ၆ လလောက်သာကျန်တော့တာဖြစ်ပြီး အခုချိန်မှာတော့ မေဂျာလိဂ်ကလပ် ရက်ဒ်ဘူးလ်အသင်းထံ ပြောင်းရွှေ့ဖို့ ဆွေးနွေးနေပါတယ်။ ဝါနာ နဲ့ လိုက်ပ်ဇစ်တို့ကြား စာချုပ်သက်တမ်းရှိနေပေမယ့် နယူးယောက်ခ်အသင်းဟာ လိုက်ပ်ဇစ်နဲ့တစ်အုပ်စုတည်းမှာရှိနေတာကြောင့် ခေါ်ယူနိုင်ဖို့ အခြေအနေကောင်းနေပါတယ်။
တော့တင်ဟမ်အသင်းနည်းပြ ပိုစတီကိုဂလူက ဒဏ်ရာပြဿနာတွေများနေချိန်မှာ လက်ရှိအသင်းလူစာရင်းဟာ အခုရာသီအလယ်မှာထွက်ခွာမှာမဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။ တော့တင်ဟမ်ဟာ ဒီနေ့ညမှာ လက်စတာအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။