စီးရီအေကလပ် မွန်ဇာသို့ ရောက်ရှိသွားပြီဖြစ်တဲ့ ယူနိုက်တက်ကစားသမား အိုမာရီဖော်ဆွန်
အသက် ၁၉ နှစ်အရွယ် ကစားသမားဟာ စီးရီးအေကလပ်နှင့် ၄ နှစ်သက်တမ်းရှိစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး နောက်ထပ် ၁၂ လ သက်တမ်းတိုးခွင့်ရှိနေတာဖြစ်ပါတယ်။ ဖော်ဆွန်ဟာ အသင်းကနေ ရောင်းချမယ့်စာရင်းထဲမှာပါဝင်ခဲ့ခြင်းမရှိဘဲ သူ့ကို စာချုပ်သစ်ဖြင့် ကမ်းလှမ်းခဲ့ကြောင်း ပြီးခဲ့တဲ့ရက်သတ္တပတ်က ယူနိုက်တက်က အတည်ပြုခဲ့ပါတယ်။
သူဟာ ပြီးခဲ့တဲ့ရာသီက အသင်းအတွက် ၇ ပွဲ ကစားပေးခဲ့ပြီး ပရီးမီးယားလိဂ်ပထမဆုံးပွဲထွက်မှုတွင် ကိုဘီမိုင်နူးအတွက် ဂိုးဖန်တီးပေးခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ပွဲထွက်ခွင့်မရရှိခဲ့ဘဲ မန်စီးတီးအား အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလားပြိုင်ပွဲလူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိပါဘူး။
ကွင်းလယ်ကစားသမားဟာ အခုတော့ ပြီးခဲ့တဲ့ရာသီက အမှတ်ပေးဇယားရဲ့ အဆင့် ၁၂ နေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ မွန်ဇာသို့ပြောင်းတော့မှာဖြစ်ပါတယ်။ လန်ဒန်မှာ မွေးဖွားတဲ့ ဖော်ဆွန်အတွက် ယူနိုက်တက်ဟာ လျှော်ကြေးငွေတော့ရရှိမှာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ တွန်ဟီတန်နှင့် အီဗန်တို့ကိုလည်း စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးနေဆဲဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ ဇွန်လ ၃၀ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။