ဗန်ဒိဘိခ်အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဒေါသထွက်နေတဲ့ ယူနိုက်တက်ပရိသတ်များ
လာလီဂါကလပ် ဂီရိုနာအသင်းဟာ ယူနိုက်တက်ကွင်းလယ်လူ ဗန်ဒိဘိခ်ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။
သတင်းဌာနတစ်ခုရဲ့အဆိုအရ ၂ သင်းကြား ယူရို ၅ သိန်းတည်းနဲ့သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး ယူနိုက်တက်ဟာ နယ်သာလန်သားအတွက် ၂၀၂၀ တုန်းက ပေါင် ၃၅ သန်းအထိ အသုံးပြုခဲ့ရပါတယ်။
ယူနိုက်တက်ပရိသတ်တစ်ဦးက တွစ်တာကနေ “တကယ့်စိတ်ပျက်စရာအပြောင်းအရွှေ့”လို့ ရေးသားတင်ခဲ့ပါတယ်။
ဆိုင်မွန်ဝေ့ါခ်ဒန်ကလည်း အဆိုပါပို့စ်ကို ဝေမျှပြီး “ငါတို့အသင်းက ကစားသမားအဝယ်မှာဆိုးဝါးပြီး ပြန်ရောင်းတဲ့အခါမှာ ကောင်းမွန်တဲ့တန်ကြေးရအောင်ယူတတ်တဲ့အသင်း”လို့ ရေးသားခဲ့ပါတယ်။
“ယူရို ၅ သိန်းတဲ့လား တကယ့်ဟာသပါပဲ”လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း ရေးသားခဲ့ပါတယ်။ “ဘရားသား ဘယ်လောက်တောင်ဈေးပေါလိုက်သလဲဗျာ”လို့ နောက်ထပ်တစ်ဦးကလည်း ရေးသားခဲ့ပါတယ်။
ယူနိုက်တက်ပရိသတ်တွေကတော့ အသင်းဘက်က ဗန်ဒီဘိခ်ကိုပြန်လည်ရောင်းချတဲ့တန်ကြေးနဲ့ပတ်သက်ပြီး ဒေါသထွက်နေကြပါတယ်။
ကနဦးပြောင်းရွှေ့ကြေးနည်းပါးနေပေမယ့် ရိုမာနိုက ယူနိုက်တက်အနေနဲ့ အခြားဆုကြေးတွေအပါအဝင် ယူရို ၄ သန်းကနေ ၅ သန်းကြားလောက်ပိုရနိုင်တယ်လို့ ဆိုပါတယ်။
ဗန်ဒီဘိခ်ဟာ ကစားသမားကို ဂီရိုနာအသင်းမှာ ပြန်လည်တည်ဆောက်နိုင်ဖို့ အခွင့်အရေးရှိနေပြီး စပိန်ကလပ်က လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားတာကြောင့် အေဂျက်စတားဟောင်းအနေနဲ့ ပြန်လည်တောက်ပလာဖို့ရှိနေပါတယ်။