ဂျော်ဂျီယာကို အနိုင်ယူကာ အုပ်စုကို အကောင်းဆုံးဖွင့်လှစ်နိုင်ခဲ့တဲ့ တူရကီ
တူရကီ ၃-၁ ဂျော်ဂျီယာ (ပွဲပြီးရလဒ်)
တကယ့်ကို အကြိတ်အနယ်ရှိတဲ့ ပွဲစဉ်တစ်ခုဖြစ်ပြီး အပြန်အလှန်ထိုးဖောက်ခြိမ်းခြောက်မှုတွေနဲ့ စိတ်လှုပ်ရှားစရာကောင်းခဲ့ပါတယ်။ ပထမပိုင်းပွဲချိန်အပြီး အနိုင်အရှုံးရလဒ်အဖြေမပေါ်ခဲ့ပေမယ့် ဒုတိယပိုင်းပွဲချိန်တွေမှာတော့ တူရကီအသင်းကစားပုံ တိုးတက်လာခဲ့ပြီး ပြိုင်ဘက်ကို ဖိအားပေးလာကာ သွင်းဂိုးတွေ ရှာဖွေနိုင်ခဲ့ပါတယ်။ တဖက်မှာလည်း ဂျော်ဂျီယာက လျှင်မြန်တဲ့ကစားဟန်ကိုအသုံးချကာ လိုအပ်နေတဲ့ချေပဂိုးတွေ ရှာဖွေဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် တူရကီအသင်းရဲ့မာကျောလှတဲ့ခံစစ်ပိုင်းနဲ့အတူ ဂျော်ဂျီယာအသင်းရဲ့ဂိုးကံခေမှုတွေကြောင့် ပြတ်သားတဲ့ရလဒ်တစ်ခု ထွက်ပေါ်ခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်မှာ တူရကီအသင်းအတွက် မူလ်ဒါ၊ ဂူလာတို့ သွင်းယူခဲ့တဲ့ ဂိုးတွေက အတော်လေးလှပခဲ့ပါတယ်။