The network connection is lost.

Banner Image

ပဲလေ့စ်နဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တဲ့ ဆာကာ

အာဆင်နယ်တောင်ပံကစားသမား ဆာကာတစ်ယောက် ပဲလေ့စ်ကို ၅-၁ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ပွဲကစားချိန် ၂၃ မိနစ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် ဆာကာကို ထရိုဆက်နဲ့ လူစားလဲခဲ့ရပါတယ်။ အဲ့နောက် အာဆင်နယ်က ပဲလေ့စ်ကို ၅-၁ နဲ့အနိုင်ရရှိခဲ့ပြီး ဆာကာကိုပွဲအပြီးမှာ ဂျိုင်းထောက်နဲ့ထွက်ခွာတာကို မြင်တွေ့ခဲ့ရပါတယ်။

အာတီတာက ဆာကာအခြေအနေဟာ ဆိုးဝါးတယ်လို့ ဝန်ခံပြောကြားခဲ့သလို ဘယ်လောက်နားရမလဲဆိုတာကို ဆေးအဖွဲ့က စစ်ဆေးနေဆဲလို့ ပြောကြားခဲ့ပါတယ်။ “သူ့တံကောက်ကြောမှာ တခုခုခံစားခဲ့ရတာပါ။ သူဆက်မကစားနိုင်တော့တာကြောင့် လူစားလဲခဲ့တာပါ။ သူ့အခြေအနေကို စစ်ဆေးရပါဦးမယ်။ ဆိုးဝါးတဲ့အနေအထားတော့ရှိပါတယ်။ 

အလျင်အမြန်သိရဖို့တော့ ခက်ခဲပါတယ်။ ဆေးအဖွဲ့က အခြေအနေကို စစ်ဆေးရပါဦးမယ်။ ဒါပေမယ့် ဘယ်လောက်ဆိုးဝါးလဲဆိုတာပြောဖို့ ခက်ပါတယ်”လို့ အာတီတာက ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ တိုင်းမ်စ်သတင်းဌာနကတော့ ဆာကာအခြေအနေဟာ ရက်သတ္တပတ်အတော်ကြာနားရမယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒဏ်ရာအခြေအနေသာ ဆိုးဝါးခဲ့မယ်ဆိုရင် ဆာကာအနေနဲ့ လာမယ့် အစ်ဝှစ်တောင်း ၊ ဘရန့်ဖို့ဒ် ၊ ဘရိုက်တန်စတဲ့ပွဲတွေအပြင် ပွဲတော်တော်များများကို လွဲချော်မှာဖြစ်ပါတယ်။ အင်္ဂလန်သားအတွက်တော့ အခုဒဏ်ရာအခြေအနေဟာ တတိယမြောက်တံကောက်ကြောဒဏ်ရာဖြစ်ပြီး ယခင်အောက်တိုဘာ နဲ့ နိုဝင်ဘာတုန်းကလည်း အခုလိုမျိုးတူညီတဲ့ဒဏ်ရာမျိုးရရှိခဲ့သေးတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘယ်လောက်အထိ နားရမလဲဆိုတာတော့ အခုချိန်အထိ မသိရသေးတာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ကစားသမားရဲ့စစ်ဆေးချက်တွေကို စောင့်ကြည့်နေပြီး အာဆင်နယ်အတွက်လည်း ဆာကာဒဏ်ရာအခြေအနေက ထိုးနှက်ချက်ဖြစ်လာဖွယ်ရှိနေပါတယ်။