The network connection is lost.

Banner Image

နယူးကာဆယ်ကိုအရေးနိမ့်ခဲ့တဲ့ပွဲမှာ ရက်ရှ်ဖို့ဒ်ကို အရန်ခုံထားခဲ့ရတဲ့အကြောင်းအရင်းကို အာမိုရင် ရှင်းလင်း

နယူးကာဆယ်ကို အိမ်ကွင်းမှာ ၂-၀ နဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို အရန်ခုံမှာထားခဲ့ရတာဟာ အမှတ်ရဖို့ကြောင့်ဖြစ်တယ်လို့ ရှင်းလင်းလိုက်ပါတယ်။ အင်္ဂလန်သားဟာ ၃ ပွဲဆက်လွဲချော်ခဲ့ပြီးနောက် နယူးကာဆယ်နဲ့ပွဲရဲ့အရန်လူစာရင်းမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီသားနည်းပြဟာ နယူးကာဆယ်ကို ၂-၀ နဲ့အရေးနိမ့်ခဲ့ပေမယ့် ရက်ရှ်ဖို့ဒ်ကို လူစားလဲအသုံးပြုခြင်းတောင် မရှိခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ အာမိုရင်က အင်္ဂလန်သားကို အသုံးပြုမခဲ့တာဟာ အမှတ်ယူချင်တာကြောင့်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ၂၀၂၄ ကို စိတ်ပျက်စရာတွေနဲ့ နှုတ်ဆက်ခဲ့ရပြီး နောက်ဆုံးလိဂ် ၆ ပွဲမှာ ၅ ပွဲအထိ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အမှတ်ပေးဇယားမှာလည်း အဆင့် ၁၄ နေရာအထိ ကျဆင်းခဲ့တာဖြစ်ပြီး အာမိုရင်က တန်းဆင်းနိုင်ချေရှိနိုင်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်အခြေအနေနဲ့ပတ်သက်ပြီး သတင်းထောက်တွေကို အာမိုရင်က ပြောကြားရာမှာ “ကျွန်တော် အသင်းအကြောင်းပဲတွေးဖြစ်ပါတယ်။ ခင်ဗျားက မားကပ်စ်အကြောင်းအများကြီးတွေးနေတယ်ထင်ပါတယ်။ ကျွန်တော် ပွဲအနိုင်ရတာပဲလိုချင်တာပါ။ ခင်ဗျားအဲ့တာကိုမြင်နိုင်မှာပါ။ ကျွန်တော် စိတ်ကူးအကြောင်းပြောနေတာပါ။ တန်းဆင်းဇုန်အတွက် တိုက်ပွဲဝင်ရနိုင်ပါတယ်။ ကျွန်တော် အမှတ်ရချင်ပါတယ်။ ပြီးတော့ ပွဲကိုလည်း အနိုင်ရချင်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ လာမယ့်တနင်္ဂနွေနေ့မှာ လီဗာပူးအသင်းနဲ့ အန်ဖီးလ်မှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။