The network connection is lost.

Banner Image

ရီးရဲလ်အသင်းကနေ ထွက်ခွာခဲ့ပြီဖြစ်တဲ့ အသင်းခေါင်းဆောင် နာချို

ရီးရဲလ်အသင်းအတွက် ၂၃ နှစ်ကြာ ကစားပေးခဲ့ပြီးနောက် အသင်းခေါင်းဆောင် နာချိုတစ်ယောက် အသင်းကနေထွက်ခွာခဲ့ပြီဖြစ်တယ်လို့ အသင်းဘက်က အတည်ပြုလိုက်ပါတယ်။

အသက် ၃၄ နှစ်အရွယ် စပိန်သားဟာ ၂၀၀၁ တုန်းက ရီးရဲလ်လူငယ်အကယ်ဒမီအသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အဲ့နောက် အသင်းကြီးထံ ရောက်လာခဲ့ကာ ချန်ပီယံလိဂ် ၆ လုံးအပြင် လာလီဂါဖလား ၄ ကြိမ် နဲ့ ကိုပါဒယ်ရေးဖလား ၂ ကြိမ်ရယူနိုင်ခဲ့ပါတယ်။

“ကျွန်တော်တို့အသင်းခေါင်းဆောင် နာချိုတစ်ယောက် ရီးရဲလ်ကစားသမားတစ်ဦးအနေနဲ့ သူ့ကစားသမားဘဝအဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရီးရဲလ်ကလည်း သူအသင်းအတွက် ပေးဆပ်ခဲ့တာတွေကို ကျေးဇူးတင်နေမှာဖြစ်သလို အသင်းရဲ့ဂန္ထဝင်တွေထဲကတစ်ဦးအဖြစ် အသိအမှတ်ပြုပါတယ်။ နာချိုဟာ ဝင်ဘာလေမှာကျင်းပခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ ရီးရဲလ်အသင်းခေါင်းဆောင်အဖြစ် ၁၅ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်ခဲ့ပါတယ်။ စပိန်သားဟာ ရီးရဲလ်အသင်းနဲ့ ချန်ပီယံလိဂ်ဖလား ၆ ကြိမ်ရခဲ့တဲ့ ၅ ယောက်မြောက်ကစားသမားထဲက တစ်ယောက်ဖြစ်လာခဲ့ပါတယ်”လို့ ရီးရဲလ်အသင်းက ထုတ်ပြန်ခဲ့ပါတယ်။

နာချိုကို ဆော်ဒီကလပ် အယ်လ်-ကွက်ဆက်အသင်းက ချိတ်ဆက်နေပါတယ်။ “ဒီကိုလူငယ်ကစားသမားအနေနဲ့ ရောက်လာပြီးကတည်းက ရီးရဲလ်အသင်းအတွက် နာချိုက အများကြီးပေးဆပ်ခဲ့ပါတယ်။ သူ့ရဲ့အားထုတ်မှုတွေကို ကျေးဇူးတင်နေမှာပါ။ ရီးရဲလ်က သူ့အတွက် အမြဲတမ်းအိမ်ဖြစ်နေမှာပါ”လို့ ရီးရဲလ်ဥက္ကဌ ပီရက်ဇ်က ပြောကြားခဲ့ပါတယ်။