The network connection is lost.

Banner Image

မြူးနစ်မြို့မှာ မမေ့နိုင်စရာ အမှတ်တရတွေ ဖန်တီးနိုင်ဖို့ မျှော်လင့်နေတဲ့ ပီအက်စ်ဂျီကြယ်ပွင့် ဒမ်ဘီလီ

အူစမာနီဒမ်ဘီလီဟာ ဒီနှစ်ဘောလုံးရာသီမှာ အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ဘော်လွန်းဒီအော်ဆုအတွက် ရေပန်းစားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် ပြင်သစ်ကစားသမားဟာ မယနေ့ည ကစားမယ့် ကစားသမားဘ၀ ပထမဆုံး ချန်ပီယံလိဂ်ဖိုင်နယ်မှာ အသင်းအတွက် အဓိက ကစားသမားဖြစ်လာမှာ ဖြစ်ပေမဲ့ ဖိအားတွေနဲ့ ပွဲစဉ်ရဲ့ အခက်အခဲတွေကြောင့် စိတ်ဓာတ်ကျစရာမရှိဘူးလို့ ဆိုပါတယ်။

"စိတ်ကိုတည်ငြိမ်အောင်ထားဖို့လိုပါတယ်။ ချန်ပီယံလိဂ်ဖိုင်နယ်နဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားမှုတွေအများကြီးရှိနေပြီး ကျွန်တော်တို့လည်း အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ဒါပေမဲ့ ပြောခဲ့သလိုပဲ စိတ်ကိုတည်ငြိမ်အောင်ထားဖို့လိုပါတယ်။ ကျွန်တော်တို့အတွက် မယုံကြည်နိုင်စရာ အခိုက်အတန့်ဖြစ်တဲ့အတွက် တည်တည်ငြိမ်ငြိမ်နဲ့ ပြုံးနေပါတယ်" ဒမ်ဘီလီက သောကြာနေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒမ်ဘီလီဟာ ကစားသမားဘဝတစ်လျှောက်မှာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ဖိုင်နယ်ပွဲကြီးနှစ်ပွဲမှာ ပါဝင်ကစားခဲ့ဖူးပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားဖိုင်နယ်မှာ အနိုင်ရရှိခဲ့ပြီး ၂၀၂၂ ကာတာကမ္ဘာ့ဖလားဖိုင်နယ်မှာတော့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒမ်ဘီလီက "ဒါက ငယ်ငယ်ကတည်းက ကျွန်တော့်ရဲ့ အိပ်မက်တစ်ခုပါပဲ။ ကျွန်တော်က အရမ်းကို တည်တည်ငြိမ်ငြိမ်ရှိပြီး အရမ်းကို အာရုံစိုက်ပါတယ်။ ဒါပေမဲ့ အေးဆေးပါပဲ၊ ဒါက မမေ့နိုင်စရာ အတွေ့အကြုံတစ်ခုဖြစ်လာမှာပါ"လို့  ထပ်လောင်းပြောကြားခဲ့ပါတယ်။