The network connection is lost.

Banner Image

ချန်ပီယံလိဂ်မှာ အနိုင်ရပြီးနောက် အာတီတာမှတ်ချက်ကို ပြန်လည်တုံ့ပြန်လိုက်တဲ့ ပေါ်တိုနည်းပြ ကွန်ဆီကာအို

အာဆင်နယ်နည်းပြ အာတီတာရဲ့ပွဲအပြီး ပေါ်တိုအသင်းဟာ ပွဲမကစားချင်ဘူးဆိုတဲ့ ပြောကြားချက်ကို ပေါ်တိုနည်းပြ ကွန်ဆီကာအိုက ဝေဖန်တိုက်ခိုက်လိုက်ပါတယ်။
 
အာဆင်နယ်ဟာ အဆိုပါပွဲမှာ ပေါ်တိုကိုနောက်ကျဂိုးနဲ့ အရေးနိမ့်ခဲ့သလို ဂိုးပေါက်တည့်ကန်ချက်လည်းမရှိခဲ့တာဖြစ်ပါတယ်။ အိမ်ကွင်းမှာ ပေါ်တိုအသင်းဟာ အနိုင်ရရှိခဲ့တာကြောင့် ဒုတိယအကျော့မှာ အာဆင်နယ်အနေနဲ့ ရုန်းကန်ရတော့မှာဖြစ်ပါတယ်။
 
အာတီတာရဲ့ပြောကြားချက်ကို ကွန်ဆီကာအိုက “အဲ့တာက သူ့အမြင်ပါ။ သူတို့က ကစားချင်ပါတယ်။ ကျွန်တော်တို့ အနိုင်ရချင်ပါတယ်။ အာတီတာက ဂွါဒီယိုလာလို ဆုဖလားအများကြီးရထားတဲ့ နည်းပြတစ်ဦးရဲ့ကျောင်းဆင်းပါ။ သူတို့က ပြိုင်ဘက်ကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ အနိုင်ရနိုင်လိမ့်မယ်လို့ တွေးကြပါတယ်။ ဒါပေမယ့် အဲ့တာက အသင်း နဲ့ စွမ်းဆောင်ရည်အပေါ်မူတည်နေတာပါ။ ကျွန်တော်တို့ဘောလုံးပိုင်ဆိုင်မှုမှာ ၄၀%-၆၀% ရှိပါတယ်။ အဲ့တာက မဆိုးဝါးသေးပါဘူး။ ၃၀%-၇၀% လည်းအဆင်ပြေပါတယ်။ အားလုံးက ဂိုးရလဒ်အပေါ်မှာပဲ မူတည်တာပါ”လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
 
အာတီတာရဲ့အသင်းဟာ စွမ်းဆောင်ရည်ကောင်းခဲ့ပေမယ့် ဂိုးပေါက်တည့်ကန်ချက်မရှိခဲ့သလို ပြီးခဲ့တဲ့နောက်ဆုံး ၅ ပွဲဆက်အနိုင်ရရှိထားကာ ၂၁ ဂိုး အထိလည်း သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကွန်ဆီကာအိုရဲ့ ခံစစ်ပိတ်ကစားဟန်ကြောင့် အဝေးကွင်းမှာ ရုန်းကန်ခဲ့ရပြီး ၁-၀ နဲ့အရေးနိမ့်ခဲ့ရပါတယ်။
 
လာမယ့်မတ်လ ၁၂ ရက်နေ့မှာ အာဆင်နယ်နဲ့ ပေါ်တိုတို့ ချန်ပီယံလိဂ်ဒုတိယအကျော့ ကန်ရမှာဖြစ်ပြီး အဲ့မတိုင်ခင် အာဆင်နယ်အနေနဲ့ ပရီးမီးယားလိဂ်ပွဲတွေကို အာရုံစိုက်ရမှာဖြစ်ပါတယ်။