The network connection is lost.

Banner Image

တူရကီဖြိုလှဲမှုအပြီး စပိန်အသင်းရဲ့ပြီးပြည့်လွန်းတဲ့အောင်ပွဲလို့ ချီးကျူးဂုဏ်ပြုခဲ့တဲ့ ပက်ဒရီ

ဒီနေ့မနက်ပိုင်း၊ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ တူရကီကို ၆-၀ ဂိုးဖြင့် အနိုင်ယူခဲ့မှုအတွင်း နှစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဘာစီလိုနာကွင်းလယ်ကစားသမားပက်ဒရီက အပျော်ရွှင်ဆုံးလူသားတစ်ဦး ဖြစ်လာခဲ့ပါတယ်။ အခုပွဲစဉ်ကို စပိန်အသင်းက အဝေးကွင်းမှာကစားရပေမယ့် အတောက်ပဆုံးပုံစံကောင်း ပြသနိုင်ခဲ့ပါတယ်။ ဒီလိုသမိုင်းဝင်နိုင်ပွဲအတွက် ပက်ဒရီက နှစ်ဂိုး၊ မီရီနိုက ဟက်ထရစ်နဲ့ ဖာရန်တောရက်စ်က တစ်ဂိုး သွင်းယူခဲ့ပါတယ်။

ပွဲစဉ်အပြီး ပက်ဒရီက “ ပြီးပြည့်စုံတဲ့ပွဲစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ပွဲစတင်လာချိန်မှာပဲ ကျွန်တော်တို့က လေးလေးနက်နက်အာရုံစူးစိုက်မှု ကို ယူဆောင်လာခဲ့ပါတယ်။ အရာအားလုံးထွက်ပေါ်လာစေခဲ့တဲ့ အသင်းတစ်ခုလုံးကို အသိအမှတ်ပြုသွားရပါမယ်။

ခက်ခဲမယ့်ပွဲစဉ်တစ်ခုအတွက် စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားခဲ့ပြီး ပြိုင်ဘက်ကလည်း အပြင်းအထန်တွန်းအားပေးခဲ့လို့ ပွဲစတင်လာချိန်ကတည်းက အားအကောင်းဆုံးပုံစံနဲ့ထွက်ပေါ်လာဖို့ လိုအပ်ခဲ့ပါတယ်။ အဖြစ်အပျက်ကတော့ ဒါပါပဲ။ ကျွန်တော်တို့တွေ ပွဲစတင်လာချိန်ကတည်းက ပြိုင်ဘက်ကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ကျွန်တော်ဂိုးသွင်းယူပြီးချိန်တိုင်း နောက်တစ်ဂိုးထပ်သွင်းမယ်လို့ ခံစားရပါတယ်။ ဒါပေမဲ့ အသင်းကိုကူညီပြီး အနိုင်ရရှိခဲ့လို့ ပျော်ရွှင်မိပါတယ်။ ဂိုးတွေသွင်းယူနိုင်ဖို့ဆိုတာ ဒုတိယကိစ္စပါ”လို့ ပြောပါတယ်။

ပက်ဒရီက အခုဘောလုံးရာသီကို အကောင်းဆုံးပုံစံနဲ့စတင်ထားနိုင်ပြီး ဒီနေ့မနက်ပိုင်းမှာလည်း ပုံစံကောင်း ဆက်လက်ပြသခဲ့ပါတယ်။ လတ်တလောမှာတော့ သူက လာမယ့်သီတင်းပတ်ကုန်၊ ဗလန်စီယာနဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်အတွက် ဘာစီလိုနာဆီ ပြန်သွားပါလိမ့်မယ်။