The network connection is lost.

Banner Image

မိုနာကိုနဲ့အတူ ပွဲဦးထွက်ပါဝင်ခွင့်ရဖို့ အချိန်အတော်ကြာစောင့်ရဦးမယ့် ယူနိုက်တက်စတားဟောင်း

မိုနာအသင်းထံပြောင်းရွှေ့ခဲ့ပေမယ့်လည်း ကွင်းလယ်လူ ပေါ့ဂ်ဘာတစ်ယောက် အသင်းနဲ့ပွဲဦးထွက်ပါဝင်ခွင့်ရဖို့ အချိန်အတော်ကြာစောင့်ဆိုင်းရဦးမယ်လို့ သိရပါတယ်။ မိုနာကိုအသင်းဒါရိုက်တာ သီယာဂိုက ပေါ့ဂ်ဘာအနေနဲ့ လီဟာဗီရီနဲ့အဖွင့်ပွဲကို လွဲချော်မှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ သီယာဂိုက ပေ့ါဂ်ဘာအနေနဲ့ အဆိုပါအချိန်အတွင်းအဆင်သင့်မဖြစ်လောက်သေးဘူးလို့ မှတ်ချက်ပြုခဲ့ပါတယ်။ အသင်းဘက်ကတော့ ပေါ့ဂ်ဘာတစ်ယောက် ဘောလုံးပြန်မကစားခင် ၃ လလောက် ပြန်လည်ထူထောင်ရေးလုပ်နိုင်ဖို့ မျှော်လင့်နေပါတယ်။

အသက် ၃၂ နှစ်သားဟာ ၂၀၂၃ စက်တင်ဘာကတည်းက ပွဲတွေမကန်ရတာဖြစ်ပြီး အခုချိန်မှာမှ မိုနာကိုအသင်းထံပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ မိုနာပိုအသင်းဘက်က ပေါ့ဂ်ဘာရဲ့ကြံ့ခိုင်မှုအခြေအနေကို အကောင်းဆုံးပုံစံရရှိစေချင်နေပါတယ်။ အဆိုပါအခြေအနေကြောင့် ပြင်သစ်သားအနေနဲ့ ဘောလုံးပြန်ကစားနိုင်ဖို့ အချိန်တစ်ခုယူရဖွယ်ရှိနေပါတယ်။ အင်တာဗျူးတစ်ခုမှာ သီယာဂိုက “ပေါလ်တစ်ယောက် လာမယ့်လီဟာဗရီနဲ့ပွဲမှာ ပါဝင်နိုင်မှာမဟုတ်ဘူးလို့ ကျွန်တော်အာမခံနိုင်ပါတယ်။ သူကတော့ နောက်နေတယ်ပဲထင်မှာပါ။ ကျွန်တော်တို့ အရှိတရားကို အရိုးသားဆုံးပြောရပါမယ်။ 

သူ့ကို ၃ လလောက်ပြန်လည်ထူထောင်ရေးလုပ်ဆောင်ဖို့ မျှော်လင့်ထားပါတယ်။ တီဗွီမှာမြင်ရတာတော့ လွယ်ကူနေမယ်လို့ ထင်ရပေမယ့် အရှိတရားအရ သေချာလေးလုပ်ဆောင်ရပါတယ်။ မိုနာကိုက လီဂူးဝမ်းရဲ့ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးအသင်းတွေထဲကတစ်သင်းပါ။ ဒါကြောင့် ကွင်းထဲမှာကစားမယ့်ကစားသမားတွေဟာ ကြံ့ခိုင်မှုပြည့်ဝနေဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အလုပ်က သူ့အတွက်အကောင်းဆုံးအရာတွေလုပ်ဆောင်ဖို့ပါ”လို့ ဖြေကြားခဲ့ပါတယ်။ ပေါ့ဂ်ဘာတစ်ယောက် မိုနာကိုအသင်းဆေးအဖွဲ့ ၊ ကြံ့ခိုင်မှုအဖွဲ့တွေနဲ့အတူ ၃ လလောက် ပြန်လည်ကြံ့ခိုင်ရေးလုပ်ဆောင်ရဖွယ်ရှိနေပါတယ်။ အဆိုပါအခြေအနေကြောင့် ပြင်သစ်သားအနေနဲ့ လာမယ့်နိုဝင်ဘာလလယ်လောက်မှသာ ပါဝင်ခွင့်ရဖို့ များနေပါတယ်။ မိုနာကိုအသင်းဘက်ကတော့ ပေါ့ဂ်ဘာကို ပထမဆုံးပွဲမှာ အဆင်သင့်ဖြစ်အောင်ကူညီပေးနိုင်မယ်လို့ ကတိပေးထားပါတယ်။