
ခါးနာရောဂါ စစ်ဆေးတွေ့ရှိကြောင်း ဗာလ်ဗာဒီ၏ ဆေးစစ်ချက်ကို ထုတ်ပြန်ကြေညာလိုက်တဲ့ ရီးရဲလ်မက်ဒရစ်
ရီးရဲလ်မက်ဒရစ်အသင်းက ဗာလ်ဗာဒီရဲ့ ဒဏ်ရာအခြေအနေကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကစားသမားဟာ ကလပ် ကမ္ဘာ့ဖလားတွင် ကစားနိုင်ဖွယ်ရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ် ဆေးဘက်ဆိုင်ရာဌာနမှ ဖက်ဒဲ ဗာလ်ဗာဒီကို ယမန်နေ့က စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ကစားသမားဟာ ခါးအောက်ပိုင်းတွင် ထိခိုက်မိ၍ နာကျင်မှု ခံစားနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့ကာ ကစားသမားရဲ့ ပြန်လည်သက်သာလာမှုကို စောင့်ကြည့်သွားမှာဖြစ်ပါတယ်။
ရိုမာနိုရဲ့ ပြောကြားချက်အရ ဖက်ဒဲ ဗာလ်ဗာဒီဟာ ယမန်နေ့က ပြုလုပ်ခဲ့တဲ့ စစ်ဆေးမှုများအရ ခါးနာရောဂါ ခံစားနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ရီးရဲလ်အသင်း ဝန်ထမ်းတွေက ဖက်ဒဲကို ဇွန်လအစောပိုင်းတွင် ပြန်ကစားနိုင်မယ်လို့ မျှော်လင့်ထားပြီး အားလုံး အတည်ပြုပြီးပါက ဖီဖာ ကလပ် ကမ္ဘာ့ဖလားအတွက် ကစားနိုင်မှာဖြစ်ပါတယ်။