The network connection is lost.

Banner Image

အိုဆီမင်နဲ့ ပတ်သက်ပြီး ချဲလ်ဆီးအသင်းထံ မက်ဆေ့ချ်ပေးပို့လိုက်တဲ့ နာပိုလီ

အီတလီသတင်းတွေအရ ချဲလ်ဆီးအသင်းဟာ အိုဆီမင်အတွက် တန်ကြေးလျောချပေးဖို့ အလိုရှိနေကြောင်း နာပိုလီအသင်းဘက် ပြောကြားလိုက်ပါတယ်။

နာပိုလီဘက်က အခုနွေရာသီမှာ အိုဆီမင်ကို ရောင်းချမှာဖြစ်ပြီး စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၁၁၀ လောက်ရှိနေတာဖြစ်ပါတယ်။ အိုဆီမင်ကို အာဆင်နယ်၊ ချဲလ်ဆီးနဲ့ ပီအက်စ်ဂျီတို့က စိတ်ဝင်စားနေပေမယ့် နာပိုလီတောင်းဆိုတဲ့တန်ကြေးမျိုးကို မပေးချင်ဖြစ်နေကြပါတယ်။

အဆိုပါအခြေအနေကြောင့် နာပိုလီဘက်က တန်ကြေးလျော့ချရဖွယ်ရှိနေပြီး လူကာကူ အပြောင်းအရွှေ့အတွက်လည်း ဆွေးနွေးဖို့ ခက်ခဲနေပါတယ်။ ကွန်တီကတော့ နာပိုလီအသင်းရဲ့အဓိက ကစားသမား အခြေအနေတွေကို ဆန်းစစ်နေပြီး ကာဗာစခီလီယာ ၊ ဒီလော်ရန်ဇို ၊ အန်ဂွီဆာ ၊ လိုဘော့တ်ကာတို့ကိုတော့ ရောင်းချမှာမဟုတ်ဘူးလို့ သိရပါတယ်။

နာပိုလီဟာ တိုက်စစ်ပိုင်းအတွက် အိုဆီမင်ကိုရောင်းချပြီး လူကာကူကို ခေါ်ယူဖို့ ပြင်ဆင်နေကာ စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၃၈ သန်း ရှိနေပါတယ်။ ဒယ်လိုစပေါ့တ်သတင်းဌာနကလည်း လူကာကူဟာ နာပိုလီအသင်းမှာ ကွန်တီနဲ့ပြန်လည် ပေါင်းဆုံချင်နေပြီး ချဲလ်ဆီးဘက်က ပေါင် ၂၁ သန်းလောက်နဲ့ကမ်းလှမ်းလာရင် လက်ခံဖွယ်ရှိနေပါတယ်။
ပြီးခဲ့တဲ့သတင်းတွေအရ နာပိုလီဟာ အိုဆီမင်အတွက် ပေါင် ၈၄ သန်းရရင် လက်လွှတ်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးအတွက်တော့ အဆိုပါတန်ကြေးဟာ များပြားလွန်းနေတာဖြစ်ပြီး ဗီလာတိုက်စစ်မှူး ဒူရန်ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိထားပြီးသားဖြစ်ပါတယ်။

အိုဆီမင်ကို ဆော်ဒီလိဂ်က စိတ်ဝင်စားနေပေမယ့် ကစားသမားဘက်က ဥရောပမှာပဲ ဆက်ကစားချင်နေပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းက ကွန်တီတစ်ယောက် အိုဆီမင်ကို အသင်းကနေထွက်ခွာဖို့ သဘောတူညီထားပြီးဖြစ်တယ်လို့ ပြောကြားထားခဲ့ပါတယ်။

“အိုဆီမင်အခြေအနေကို ကျွန်တော်သိပါတယ်။ ကျွန်တော်တို့သဘောတူညီမှု ရှိထားတယ်ဆိုတာလည်း သိပါတယ်။ အခြေအနေတွေက ကွဲပြားခြားနားနေပါတယ်။ ကျွန်တော်က ကူညီပေးနိုင်တာပဲရှိတာပါ။ သူက ထိပ်တန်းကစားသမား တစ်ဦးဖြစ်တာကြောင့် ဘယ်ဆွေးနွေးမှုတွေမှာမှ ကျွန်တော် မဝင်ပါပါဘူး။ ဘာလို့လဲဆိုတော့ ယခင်သဘောတူညီမှုတွေရဲ့အစိတ်အပိုင်းကြောင့်ပါ”လို့ ကွန်တီက ပြောကြားခဲ့ပါတယ်။

ကွန်တီဘက်ကတော့ နာပိုလီအသင်းထံ လူကာကူကို ခေါ်ယူချင်ကြောင်း ပြောကြားထားပြီးဖြစ်ကာ ချဲလ်ဆီးစတားကို အေစီမီလန်ကလည်း အလိုရှိနေတာကြောင့် အားပြိုင်ရဖွယ်ရှိနေပါတယ်။