The network connection is lost.

Banner Image

အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းကို ချီးကျူးလိုက်တဲ့ မော်ရင်ဟို

ဖီနာဘာချီနည်းပြသစ် မော်ရင်ဟိုက အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းကို ချီးကျူးလိုက်ပြီး ဆုဖလားအောင်မြင်မှုအတွက်လည်း ဟောကိန်းထုတ်လိုက်ပါတယ်။ ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းဟာ လာမယ့်ယူရို ၂၀၂၄ ဆုဖလားကို ရယူဖို့ ရေပန်းစားတဲ့အသင်းတွေထဲကတစ်သင်းအဖြစ်ရှိနေပါတယ်။ 
 
မော်ရင်ဟိုကတော့ အင်္ဂလန်အသင်းထက် ပေါ်တူဂီအသင်းကသာ ဗိုလ်စွဲဖို့ ရေပန်းစားတယ်လို့ ထင်မြင်နေပါတယ်။
ချဲလ်ဆီးနည်းပြဟောင်းက ကိန်းအနေနဲ့ အဆိုပါပြိုင်ပွဲကနေ ကြီးမားတဲ့အရာတွေမျှော်လင့်နိုင်တယ်လို့ ဆိုပါတယ်။
 
ကိန်းဟာ ၈ နှစ်ကြာ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးအဖြစ် စွမ်းဆောင်ရည်ပြသထားနိုင်ခဲ့ပေမယ့် ဆုဖလားအောင်မြင်မှု မရသေးတာဖြစ်ပါတယ်။ အသက် ၃၀ အရွယ်ကစားသမားဟာ ဆုဖလားအောင်မြင်မှုတစ်ခုမှမရသေးပဲ မော်ရင်ဟိုတစ်ယောက် တော့တင်ဟမ်ကနေ ကာရာဘောင်ဖိုင်နယ်မတိုင်ခင် ၆ ရက်အလိုမှာ အထုတ်ခံခဲ့ရပါတယ်။
 
“ကိန်းက တော့တင်ဟမ် ၊ အင်္ဂလန်အသင်းတွေအတွက် ဂိုးတွေသွင်းယူနိုင်ခဲ့ပါတယ်။ ဘိုင်ယန်အတွက်လည်း ဂိုးတွေအများကြီးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ကိန်းက တကယ့်ကိုလုံးဝပြီးပြည့်စုံတဲ့တိုက်စစ်မှူးတစ်ဦးဖြစ်သလို တစ်ကိုယ်ကောင်းလည်းမဆန်ပါဘူး။ ဂိုးတွေဖန်တီးပေးသလို အနောက်ထိဆင်းပြီးလည်း ဘောလုံးလက်ခံယူပါတယ်။ ကစားကွက်တည်ဆောက်တာ ၊ ဖိအားပေးတာ ၊ ကာကွယ်တာ အကုန်လုပ်နိုင်ပါတယ်။ သူ့အတွက် လိုအပ်နေတာက ဆုဖလားအောင်မြင်မှုပါပဲ။ သူက တော့တင်ဟမ်မှာတုန်းက ကျွန်တော့်ကစားသမားဖြစ်ခဲ့ပါတယ်။ သူနဲ့ဆုဖလားအောင်မြင်မှုရယူချင်ခဲ့တာပါ။ ဒါပေမယ့် ဖိုင်နယ်မတိုင်ခင် ၆ ရက်အလိုမှာ ကျွန်တော် အထုတ်ခံခဲ့ရပါတယ်။ ကျွန်တော်တို့မှာရှိခဲ့တဲ့ ယခင်မျိုးဆက်ကို မလေးစားတာမဟုတ်ပါူဘး။ ဒါပေမယ့် လူအင်အားနဲ့ အရည်အချင်းအရ ပေါ်တူဂီက အခုချိန်မှာ အကောင်းဆုံးအနေအထားမှာရှိနေပါတယ်။ ပေါ်တူဂီက ချန်ပီယံဖြစ်နိုင်ပါတယ်။ အဲ့တာနဲ့ပတ်သက်ပြီး ယုံကြည်မှုရှိသလို ဘယ်အသင်းကိုမဆို သူတို့အနိုင်ကန်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
 
“ပေါ်တူဂီက အကောင်းဆုံးအသင်းလို့ ကျွန်တော်မပြောပါဘူး။ ဒါပေမယ့် စပိန် ၊ အင်္ဂလန် ၊ ပြင်သစ် နဲ့ ဂျာမနီတို့ကလည်း သိပ်မကောင်းပါဘူး။ နည်းပြအတွက် အကောင်းဆုံးက ညာနောက်ခံလူ ၂ ယောက် ၊ ဘယ်နောက်ခံလူကောင်း ၂ ယောက် ၊ ကွင်းလယ်လူကောင်း ၂ ယောက်ရှိနေတာပါ။ ကျွန်တော်ပြောနေတာက ၂ ယောက်ပါပဲ။ ဘာလို့လဲဆိုတော့ အသင်းတစ်သင်းမှာ ၂၃ ယောက်ပဲရှိတာကြောင့်ပါ။ ဒါပေမယ့် အဲ့ထက်လည်းပိုနိုင်ပါတယ်။ အံ့သြစရာရှိတယ်ဆိုရင် ကျွန်တော် အံ့သြမှာပါ။ ပြင်သစ် နဲ့ ဂျာမနီတို့က အမြဲတမ်းအကောင်းဆုံးလုပ်ပါတယ်။ ပေါ်တူဂီနဲ့ အင်္ဂလန်က ပိုကောင်းပါတယ်။ ဒီအသင်း ၄ သင်းက တကယ်ကောင်းပါတယ်။ စပိန်အခြေအနေက မသေချာသေးပါဘူး။ ဒါပေမယ့် သူတို့မှာလည်း အရည်အချင်းကောင်းတွေရှိသလို အီတလီ ဒါမှမဟုတ် ဘယ်လ်ဂျီယံကလည်း အံ့သြစေနိုင်ပါတယ်”လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။
 
ယူရိုပြိုင်ပွဲကို လာမယ့်ဇူလိုင်လ ၁၄ ရက်နေ့မှာ စတင်မှာဖြစ်ပြီး ဂျာမနီက စကော့တလန် ၊ အင်္ဂလန်က ဆားဘီးယားနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။