The network connection is lost.

Banner Image

ခြေကျင်းဝတ်ဒဏ်ရာကနေပြန်လည်သက်သာလာပြီးနောက် ကလပ်ကမ္ဘာ့ဖလားဖိုင်နယ်ကိုပါဝင်ဖို့အသင့်ဖြစ်နေတဲ့ ချဲလ်ဆီးစတား

ခြေကျင်းဝတ်ဒဏ်ရာကနေပြန်လည်သက်သာလာပြီးနောက် ချဲလ်ဆီးကွင်းလယ်လူ ကိုင်စီဒိုတစ်ယောက် ပီအက်စ်ဂျီနဲ့ကလပ်ကမ္ဘာ့ဖလားဖိုင်နယ်ကို ပါဝင်ဖို့အသင့်ဖြစ်နေတယ်လို့ သိရပါတယ်။

အီကွေဒေါသားဟာ ဖလူမီးနီးစ်နဲ့ဆီမီးဖိုင်နယ်ပွဲညမှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဖိုင်နယ်ပွဲအတွက် ပါဝင်နိုင်ဖို့ မသေချာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကြာသပတေးနေ့က လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့တာကြောင့် လာမယ့်ဖိုင်နယ်မှာ ပါဝင်နိုင်ဖို့များနေတယ်လို့ ရိုမာနိုက အတည်ပြုပါတယ်။ မာရက်စ်ကာကလည်း ကိုင်စီဒိုတစ်ယောက် လာမယ့်ဖိုင်နယ်မှာ ပါဝင်မယ်လို့ အတည်ပြုခဲ့ပါတယ်။ ကိုင်စီဒိုဟာ ချဲလ်ဆီးအသင်းရဲ့ကလပ်ကမ္ဘာ့ဖလား ၆ ပွဲမှာ ၄ ပွဲကို ပွဲဦးထွက်ပါဝင်ထားခဲ့ပြီး သူပါဝင်လာမှုက ပီအက်စ်ဂျီအသင်းကွင်းလယ်ကို ပြန်လည်စိုးမိုးနိုင်မယ့်အချက်လည်းဖြစ်ပါတယ်။

သတင်းထောက်တွေကို မာရက်စ်ကာပြောကြားရာမှာ “မှန်ပါတယ်။ ကိုင်စီဒိုက ကျွန်တော်တို့အတွက် အရေးပါတဲ့ကစားသမားပါ။ ဒီမနက်ခင်းမှာ သူလေ့ကျင့်ခန်းအပြည့်အဝမဆင်းနိုင်သေးပါဘူး။ ဒါပေမယ့် လာမယ့်တနင်္ဂနွေနေ့မှာ သူပါဝင်လာမယ်လို့ မျှော်လင့်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။ ချဲလ်ဆီးဟာ လာမယ့် ၂၀၂၄ - ၂၅ ရာသီမတိုင်ခင် ဆုဖလားတစ်လုံးထပ်မံရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။