The network connection is lost.

Banner Image

မက်ဆီရှိရာ အင်တာမီယာမီသို့ ပြောင်းရွှေ့ရန် ချိတ်ဆက်မှုတွေ ရှိနေတဲ့ မိုဒရစ်

ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ လူကာမိုဒရစ်ဟာ အင်တာမီယာမီသို့ အံ့အားသင့်ဖွယ် ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေတယ်လို့ သိရပါတယ်။

အန်ဆယ်လော့တီရဲ့အသင်းနှင့် စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်တော့တဲ့ အသက် ၃၈ နှစ်အရွယ် ကစားသမားဟာ ပြိုင်ဘက်ဘာစီလိုနာအသင်းရဲ့ ကစားသမားဟောင်း နယ်မက်ဆီနဲ့ တွဲဖက်ကစားနိုင်ဖို့ ချိတ်ဆက်မှုတွေ ရှိနေပါတယ်။ The Dubrovnik Times မှတစ်ဆင့် သတင်းပေးပို့ချက်များအရ ပူးတွဲပိုင်ရှင် ဒေးဗစ်ဘက်ခမ်းဟာ ခရိုအေးရှားနိုင်ငံသားကို အသင်းသို့ခေါ်ယူဖို့ အလားအလာရှိတဲ့ ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ထားပြီး ကွင်းလယ်ကစားသမားဟာ ယခုရာသီ လော့စ်ဘလန်ကို့စ်အတွက် ပွဲကစားချိန် အကန့်အသတ်ဖြင့်သာ ကစားနေရတာဖြစ်ပါတယ်။

အင်တာမီယာမီအတွက် အကြီးမားဆုံးမေးခွန်းက မိုဒရစ်ကို ခေါ်ယူဖို့ အသင်းရဲ့ လစာပေးချေမှုက ခွင့်ပြုမလားဆိုတာပါ။ မက်ဆီ၊ ဂျော်ဒီအယ်လ်ဘာနှင့် ဘက်စ်ကွက်စ်တို့ဟာ မကြာသေးမီကမှ ပြောင်းရွှေ့ခဲ့ပြီး မာတီနိုရဲ့အသင်းကလည်း လူးဝစ်ဆွာရက်ဇ်အတွက် တစ်ဟုန်ထိုး ချိတ်ဆက်မှုများ ရှိနေပါတယ်။

အသက် ၃၈ နှစ်အရွယ် မိုဒရစ်ဟာ ရီးရဲလ်မက်ဒရစ်အတွက် ယခုအချိန်အထိ လာလီဂါပွဲ ၁ ပွဲသာ ကစားခွင့်ရရှိထားတာကြေင့် လက်ရှိရာသီကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ အန်ဆယ်လော့တီရဲ့အသင်းဟာ တနင်္ဂနွေနေ့တွင် အက်သလက်တီကိုမက်ဒရစ်နှင့် ရင်ဆိုင်ကစားဖို့ ဝန်ဒါမက်ထရိုပိုလီတန်နိုသို့ သွားရောက်မှာဖြစ်ပြီး အသင်းရဲ့ရှုံးပွဲမရှိဘဲ နိုင်ပွဲဆက်နိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။