The network connection is lost.

Banner Image

ရီးရဲလ်ကိုအနိုင်ကန်ဖို့ ဘာလုပ်ရမလဲဆိုတာကို အာတီတာ ထုတ်ဖော်ပြောကြား

အာဆင်နယ်အသင်းနည်းပြ အာတီတာက ကွာတားဖိုင်နယ်မှာ ရီးရဲလ်အသင်းနဲ့တွေ့ဆုံနေမှုအပေါ် အနိုင်ကန်ဖို့ အသင်းသားတွေကို အကြံအချို့ပေးလိုက်ပါတယ်။ အာဆင်နယ်က ပီအက်စ်ဗွီကို ကျော်ဖြတ်နိုင်ခဲ့သလို ရီးရဲလ်ကလည်း တီကိုအသင်းကို ပင်နယ်တီနဲ့ကျော်ဖြတ်ကာ ကွာတားဖိုင်နယ်ကို တက်ရောက်လာနိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ် နဲ့ ရီးရဲလ်တို့ဟာ ကွာတားဖိုင်နယ်မှာတွေ့ဆုံနေပြီး ရီးရဲလ်အသင်းကို အမှားလုပ်လို့မရသလို အခွင့်အရေးတွေလည်း မပေးရဖို့ လိုအပ်နေတာဖြစ်ပါတယ်။

“ကောင်းပါပြီ။ ပထမဆုံး ကျွန်တော်တို့အကောင်းဆုံးလုပ်ရပါမယ်။ ၂ ပွဲအတွက် မိနစ်တိုင်း ခင်ဗျားအခွင့်အရေးပေးလို့မရပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က အမိအရအသုံးချတတ်တဲ့အသင်းပါ။  ဒီနေ့ ၂ ဂိုးပေးလိုက်ရပါတယ်။ အဲ့တာက ကြီးမားတဲ့သင်ခန်းစာပါ။ နောက်တစ်ကြိမ် ကျွန်တော်တို့ ဧရိယာထဲမှာ အခုလိုမျိုးဖြစ်နေလို့မရပါဘူး။ တကယ့်စွမ်းဆောင်ရည်အစစ်က အရေးကြီးပါတယ်။ အဲ့နောက် မယုံကြည်နိုင်တဲ့ပရိသတ်အားပေးမှုနဲ့အတူ အိမ်ကွင်းမှာ အခွင့်အရေးကို အသုံးချရပါမယ်။ အဲ့တာက တကယ်အရေးပါပါတယ်။ ဘာကြောင့် အရေးကြီးတာလဲဆိုတော့ ကျွန်တော်တို့ အနိုင်ရချင်လို့ပါ။

အနိုင်ရဖို့အတွက် ခင်ဗျားအနေနဲ့ ဒီအဆင့်ကိုကျော်ဖြတ်ရပါမယ်။ အသင်းကလည်း အဲ့တာကို လိုအပ်နေပါတယ်။ ကျွန်တော်တို့က အသင်းတစ်သင်းဖြစ်ပြီး အကောင်းဆုံးဖြစ်ချင်ပါတယ်။
ကမ္ဘာ့အကောင်းဆုံးအသင်းတွေနဲ့ အားပြိုင်ချင်ပါတယ်။ အဲ့လိုလုပ်နိုင်ဖို့အတွက် ခင်ဗျားအနေနဲ့ တည်ငြိမ်မှုရှိဖို့ လိုအပ်ပါတယ်။ အဲ့တာက အရမ်းခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ၂ နှစ်ဆက်လုပ်လာခဲ့ပြီးပါပြီ။ ကျွန်တော်တို့ အခုထက်ပိုလုပ်နိုင်တဲ့ လူအင်အား နဲ့ အရည်အချင်းအပြည့်ရှိနေပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။