
စာချုပ်ဖျက်သိမ်းကြေး ယူရို ၂၅ သန်း ဖြင့် အင်တာကြယ်ပွင့်ကိုခေါ်ယူနိုင်ရေး ဆွေးနွေးနေတဲ့ မန်စီးတီး
အင်တာမီလန်ဟာ ဒန်ဇယ် ဒမ်ဖရိုင်းစ် ရဲ့ ယူရို ၂၅ သန်း (ပေါင် ၂၁ သန်း ၊ ဒေါ်လာ ၃၀ သန်း) တန်ဖိုးရှိ လျော်ကြေးသတ်မှတ်ချက်ကြောင့် မန်စီးတီး နှင့် ဘာစီလိုနာ တို့ရဲ့ စိတ်ဝင်စားမှုကို ရင်ဆိုင်နေရပြီး ကစားသမားရဲ့ အနာဂတ်အတွက် စိုးရိမ်ပူပန်နေပါတယ်။
ဒန်ဇယ် ဒမ်ဖရိုင်းစ်ရဲ့ အံ့ဩဖွယ် လျော်ကြေးသတ်မှတ်ချက်က မန်စီးတီးနှင့် ဘာစီလိုနာတို့ စိတ်ဝင်စားစေခဲ့ပါတယ်။ Mundo Deportivo ရဲ့ ဖော်ပြချက်အရ အင်တာမီလန်ဟာ နယ်သာလန်ကစားသမားရဲ့ လျော်ကြေးသတ်မှတ်ချက်ကို အဆိုပါအသင်းနှစ်သင်းက အသက်သွင်းနိုင်မှာကို စိုးရိမ်နေပါတယ်။ အသင်းဟာ ကစားသမားကို လက်လွှတ်လိုခြင်း မရှိသေးသော်လည်း မမျှော်လင့်ဘဲ ပြောင်းရွှေ့မှုတစ်ခု ဖြစ်ပေါ်လာပါက အင်တာမီလန်ရဲ့ အပြောင်းအရွှေ့အစီအစဉ်များကို ထိခိုက်စေနိုင်ပါတယ်။
ဂွါဒီယိုလာဟာ ရီကို လူးဝစ်နှင့် ယှဉ်ပြိုင်နိုင်မယ့် ညာနောက်ခံလူအသစ်တစ်ဦးကို ခေါ်ယူလိုနေပါတယ်။ ပြီးခဲ့တဲ့ရာသီက မန်စီးတီးရဲ့ ခြေစွမ်းမတည်ငြိမ်မှုများအပြီးတွင် အသက် ၂၉ နှစ်အရွယ် ကစားသမားကို ခေါ်ယူခြင်းက အသင်းရဲ့ ထိုနေရာရှိ အားနည်းချက်များကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။ သို့သော် အင်္ဂလိပ်ကလပ်အနေဖြင့် အမြန်လုပ်ဆောင်ရန် လိုအပ်သနေပြီး လျော်ကြေးသတ်မှတ်ချက်က ဇူလိုင် ၁၅ ရက်တွင် သက်တမ်းကုန်ဆုံးမှာ ဖြစ်တာကြောင့် ဖြစ်ပါတယ်။
ဘာစီလိုနာကလည်း ဒမ်ဖရိုင်းစ်ကို စိတ်ဝင်စားကြောင်း သတင်းများက ဖော်ပြထားပြီး သူ့ရဲ့ကစားပုံက ကလပ်ရဲ့ လိုအပ်ချက်များနှင့် ကိုက်ညီတယ်လို့ ယုံကြည်နေပါတယ်။ နယ်သာလန်လက်ရွေးစင်ဟာ ဂျော့ဂ်ျ မန်ဒက်စ် ကို အေးဂျင့်အသစ်အဖြစ် ခန့်အပ်ရန် နီးစပ်နေပြီး ဘာစီလိုနာနှင့် မန်ဒက်စ်တို့ရဲ့ အခြေအနေကောင်းများ ရှိနေခြင်းက စပိန်ကလပ်အတွက် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
နွေရာသီတွင် ဒမ်ဖရိုင်းစ်အနေနဲ့ ဆန်းဆီရိုမှ ထွက်ခွာခဲ့ပါက အစားထိုးကစားသမားအဖြစ် ဘိုလော့ဂ်နာ မှ ဒန် အန်ဒိုရီ ကို အင်တာမီလန်က ရွေးချယ်ထားကြောင်း သိရှိရပါတယ်။သို့သော် ဘိုလော့ဂ်နာက ဆွစ်ဇာလန်ကစားသမားအတွက် ယူရို ၄၅ သန်း (ပေါင် ၃၉ သန်း ၊ ဒေါ်လာ ၅၃ သန်း) သတ်မှတ်ထားပါတယ်။ နာပိုလီ ကလည်း အသက် ၂၄ နှစ်အရွယ် ကစားသမားကို ခေါ်ယူရန် ကြိုးပမ်းနေပြီး ဒမ်ဖရိုင်းစ်ရဲ့ ကလပ်ရှိ အခြေအနေကို ဖြေရှင်းရန် အင်တာမီလန်အပေါ် ဖိအားများ ပိုမိုသက်ရောက်စေမှာ ဖြစ်ပါတယ်။