ဂျိုနသန်ဒေးဗစ်ရဲ့ အပြောင်းအရွှေ့အတွက် ယူနိုက်တက်ထံ သတင်းစကားပါးလိုက်တဲ့ လိုင်လီ
အဲရစ်တန်ဟက်ကို နည်းပြအဖြစ် ဆက်ထိန်းထားရန် ဆုံးဖြတ်ပြီးနောက် ယူနိုက်တက်ရဲ့ဟာ ရာသီသစ်မတိုင်မီ နယ်သာလန်နည်းပြအတွက် အားကောင်းလာစေရန် လုပ်ဆောင်လျက်ရှိပါတယ်။
တန်ဟက်ဟာ ဇန်နဝါရီအပြောင်းအရွှေ့တွင် တိုက်စစ်မှူးသစ်တစ်ဦးကို ခေါ်ယူရန် စိတ်အားထက်သန်နေသော်လည်း ကလပ်ရဲ့ဘဏ္ဍာရေးအခြေအနေအရ ဒီလိုခေါ်ယူဖို့အတွက် မဖြစ်နိုင်နေတာဖြစ်ပါတယ်။ နွေရာသီအပြောင်းအရွှေ့ကာလတွင် ကန့်သတ်ထားတဲ့အပြောင်းအရွှေ့ဘတ်ဂျက်ဖြင့် ဆက်လက်လုပ်ဆောင်နေသော်လည်း မာရှယ်က အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာသွားတာကြောင့် ယူနိုက်တက်ဟာ တိုက်စစ်မှူးသစ်တစ်ဦး ပိုမိုလိုအပ်လာခဲ့ပါတယ်။
ဒေးဗစ်ဟာ လိုင်လီရှိ သူ့ရဲ့စတုတ္ထမြောက်ရာသီကို ပြီးဆုံးသွားခဲ့ပြီး ၄၇ ပွဲကစားကာ ၂၆ ဂိုး သွင်းယူခဲ့ပါတယ်။ ကနေဒါ လက်ရွေးစင်အသင်း အတွက် ၄၈ ပွဲကစား ၂၆ ဂိုး သွင်းပေးထားတဲ့ အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးဟာ လိုင်လီနှင့် လက်ရှိစာချုပ်သက်တမ်းမှာ ၁ နှစ်သာကျန်ရှိတော့တာဖြစ်ပြီး လီဂူးဝမ်းအသင်းဟာ လာမယ့်ရာသီတွင် သူ့ကိုအလွတ်ဖြင့် ဆုံးရှုံးရနိုင်ခြေရှိနေတာကြောင့် ယခုနွေရာသီတွင် ရောင်းချရန် လမ်းဖွင့်ထားပါတယ်။
ဒေးဗစ်ဟာ ယူနိုက်တက်ရဲ့တိုက်စစ်မှူး ဆန်ခါတင်စာရင်းတွင် ရှိနေကြောင်း သိရှိထားပြီး လိုင်လီကလည်း အသင်းရဲ့တိုက်စစ်မှူးကို ရောင်းချရန် ပြင်ဆင်ထားကြောင်း ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ "ကျွန်တော်တို့မှာ လီနီယိုရို ၊ ဂျိုနသန်ဒေးဗစ်တို့နှင့်အတူ ထွက်ခွာမယ့် ကစားသမား ၂ ဦးရှိပါတယ်" လို့ လိုင်လီဥက္ကဋ္ဌ လက်တန်က ဒီတစ်တပတ်မှာ ပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပင် လိုင်လီဟာ ပြင်သစ်ကလပ်နှင့်အတူ တတိယမြောက်ရာသီပြီးဆုံးသွားတဲ့ ယူနိုက်တက်ကွင်းလယ်ကစားသမားဟောင်း အိန်ဂျယ်ဂိုမက်စ်ရဲ့ စာချုပ်ကိုလည်း သက်တမ်းတိုးရန် စိတ်အားထက်သန်လျက်ရှိပါတယ်။ "သူ့ရဲ့စာချုပ်က သက်တမ်းကုန်ဆုံးဖို့ ၁ နှစ်ပဲလိုတော့တာပါ။ သက်တမ်းတိုးဖို့အတွက် ဆွေးနွေးမှုတွေ လုပ်သွားမှာပါ" "အိန်ဂျယ်က အသင်းကနေထွက်ခွာဖို့နဲ့ ပတ်သက်ပြီး ဆွေးနွေးခြင်းမရှိသေးပါဘူး" လို့ လက်တန်က ပြောကြားထားပါတယ်။