မွန်ဇာအသင်းမှ ဂိုးသမား ဒီဂရီဂိုရီယိုကို ခေါ်ယူလိုက်တဲ့ ဂျူဗင်တပ်စ်
ဂျူဗင်တပ်စ်အသင်းဟာ စီးရီးအေကလပ် မွန်ဇာမှ အီတလီဂိုးသမား ဒီဂရီဂိုရီယိုကို ခေါ်ယူလိုက်ပြီဖြစ်တယ်လို့ တူရင်အခြေစိုက်ကလပ်အသင်းက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။ဒီဂရီဂိုရီယိုအတွက် ယူရို ၁၈ သန်း (ဒေါ်လာ ၁၉.၅၀ သန်း) ပေးချေဖို့ မွန်ဇာနဲ့ သဘောတူညီမှုရခဲ့တယ်လို့ ဂျူဗင်တပ်စ်က ပြောထားပါတယ်။
အသက် ၂၆ နှစ်အရွယ် အင်တာမီလန်လူငယ်အကယ်ဒမီထွက်ဂိုးသမားဟာ ၂၀၂၃-၂၄ ရာသီတွင် မွန်ဇာအတွက် Clean Sheet ၁၂ ပွဲအထိ ရယူပေးထားတာဖြစ်ပါတယ်။"ပြီးခဲ့တဲ့ရာသီက စီးရီးအေအကောင်းဆုံး ဂိုးသမားဆုရှင်အဖြစ် ဂျူဗင်တပ်စ်ကို ရောက်ရှိလာခဲ့တဲ့ မီချီလီဟာ မွန်ဇာအတွက် သူ့ရဲ့ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေကြောင့် ဂျူဗင်တပ်စ်ကို ရောက်ရှိလာခဲ့ပါတယ်"
"သူက ဘက်စုံတော်တဲ့ဂိုးသမားတစ်ယောက်ပါ။ သူ့ရဲ့ ဂိုးဖမ်းစွမ်းရည်တွေအပြင် ဘောလုံးပေးပို့ရာတွင်လည်း ကောင်းမွန်တာကြောင့် သူ့ကို ခေတ်သစ်ဂိုးသမားတစ်ယောက်ရဲ့ စံနမူနာပြအဖြစ် ဖြစ်လာစေမှာပါ" လို့ စီးရီးအေကလပ်က ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။