အာမက်ရဲ့တတိယဂိုးအပြီးမှာ ရိုင်းပြတဲ့အောင်ပွဲခံပုံပြုလုပ်ခဲ့ပေမယ့် အရေးယူခံရမှုကနေ ကင်းလွတ်ခဲ့တဲ့ ဇက်ခ်ဇီ
ယူနိုက်တက်တိုက်စစ်မှူး ဇက်ခ်ဇီတစ်ယောက် ဆောက်သမ်တန်နဲ့ပွဲမှာ အသင်းဖော် အာမက်တတိယဂိုးသွင်းယူခဲ့ပြီးနောက် ရိုင်းပြတဲ့အောင်ပွဲခံမှုပြုလုပ်ခဲ့ပေမယ့် အရေးယူခံရမှုကနေ ကင်းလွတ်ခဲ့တယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ ဆောက်သမ်တန်နဲ့ပွဲမှာ နောက်ကနေလိုက်ကစားခဲ့ရပြီး အာမက်ရဲ့ဟက်ထရစ်နဲ့အတူ ၃-၁ နဲ့ပြန်လာနိုင်ခဲ့ပါတယ်။
အာမက်တစ်ယောက် တတိယမြောက်ဂိုးသွင်းယူပြီးချိန်မှာ ဇက်ခ်ဇီတစ်ယောက် ရိုင်းပြတဲ့အောင်ပွဲခံမှုပြုလုပ်ခဲ့သလို အဆိုပါအပြုအမူကို မြင်ခဲ့ရပေမယ့် အရေးယူခံရမှုကနေ ကင်းလွတ်ခဲ့တာဖြစ်ပါတယ်။
အက်ဖ်အေဘက်ကလည်း ဘိုလော့ဂ်နာစတားဟောင်းရဲ့အပြုအမူနဲ့ပတ်သက်ပြီး နောက်ထပ်အရေးယူမှုတွေပြုလုပ်မှာမဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့အပြုအမူနဲ့ပတ်သက်ပြီးတော့ အက်ဖ်အေဘက်က သတိပေးမှုတွေတော့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဇက်ခ်ဇီဟာ လွန်ခဲ့တဲ့ ၁ လတုန်းက နယူးကာဆယ်ကို အရေးနိမ့်ခဲ့တဲ့ပွဲမှာလည်း ယူနိုက်တက်ပရိသတ်တွေရှေ့မှာ အကျီချွတ်အောင်ပွဲခံခဲ့သေးတာဖြစ်ပါတယ်။ အဲ့နောက် ဇက်ခ်ဇီတစ်ယောက် ဥမင်ထဲကို အပြေးအလွှားဝင်သွားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အာဆင်နယ် နဲ့ ဆောက်သမ်တန်ပွဲတွေမှာ အရန်ခုံကနေ လူစားဝင်လာပြီး ခြေစွမ်းပြနိုင်ခဲ့လို့ ဇက်ခ်ဇီတစ်ယောက် ချီးကျူးခံနေရပါတယ်။
အာမိုရင်ကတော့ ခြေစွမ်းကောင်းရလာတဲ့ ဇက်ခ်ဇီကို လာမယ့်ဘရိုက်တန်နဲ့ပွဲမှာ ထည့်သွင်းသွားဖွယ်ရှိနေပါတယ်။ ဇက်ခ်ဇီဟာ ဒီရာသီယူနိုက်တက်အတွက် ၃ ဂိုးသာသွင်းယူထားနိုင်ခဲ့ပြီး အဆိုပါဂိုးတွေကို ဖူလ်ဟမ် ၊ အဲဗာတန်နဲ့ပွဲတွေမှာ သွင်းယူထားနိုင်ခဲ့ပါတယ်။