၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား တက်တူးနှင့်ပတ်သက်ပြီး ရှင်းပြလိုက်တဲ့ မာတီနက်ဇ်
ကိုလိုမူအာနီရဲ့ ကန်ချက်အား ကာကွယ်နေတဲ့ပုံပါရှိတဲ့ ၂၀၂၂ ခုနှစ်ကမ္ဘာ့ဖလားတက်တူးနှင့်ပတ်သက်ပြီး မာတီနက်ဇ်က ရှင်းပြလိုက်ပါတယ်။ အာဂျင်တီနားနိုင်ငံသားဟာ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲစဉ်တုန်းက အချိန်ပိုတွင် ကိုလိုမူအာနီရဲ့ အပိုင်ကန်ချက်ကို ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပင်နယ်တီကန်သွင်းမှုတွင်လည်း လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာကြောင့် မက်ဆီနှင့် အသင်းဖော်တွေအားလုံးက ဆုဖလားကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။
မာတီနက်ဇ်ဟာ ၁၂ ကိုက်အကွာက ကန်ချက်ကို သူရဲကောင်းဆန်ဆန် ကာကွယ်နိုင်ခဲ့တာဖြစ်ပြီး ၁၉၈၆ ခုနှစ် မာရာဒိုနာနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာဂျင်တီးနားက ကမ္ဘာ့ဖလားကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။ Men In Blazers podcast တွင် သူ့ရဲ့ဘယ်ဘက်ခြေသလုံးက တက်တူးနှင့်ပတ်သက်ပြီး မာတီနက်ဇ်က "ဒါက အရမ်းကို အံ့ဩဖို့ကောင်းပါတယ်။ ပထမဆုံးပွဲအဖြစ် ဆော်ဒီကို ရှုံးနိမ့်ခဲ့ပြီးနောက် အသင်းဖော်တွေနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားကိုသာ ရရှိမယ်ဆိုရင် ငါတို့ရဲ့ နာမည်တွေ ကျောနံပါတ်တွေနဲ့ တက်တူးထိုးမယ်လို့ ကျွန်တော်ပြောခဲ့တာပါ"
"ကျွန်တော် ကာကွယ်မှုလုပ်နိုင်ခဲ့ပြီး ကမ္ဘာ့ဖလားကို ရရှိခဲ့တဲ့အချိန်မှာ တက်တူးထိုးရမယ်၊ ဘောလုံးထိခဲ့တဲ့ နေရာတိုင်းမှာ ထိုးရမယ်လို့ ပြောခဲ့ပါတယ်။ ဘောလုံးထိသွားတဲ့ နေရာတိုင်းမှာ ကြယ်ပွင့်များဖြင့် ထိုးခဲ့ပြီး ကျွန်တော့်ရဲ့တက်တူးမှာ ကြယ် ၂၂ လုံး ရှိပါတယ်" လို့ ပြောပါတယ်။
"ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်။ အသက်ငယ်ငယ်မှာ အင်္ဂလန်သို့ရောက်လာပြီး ဒီကဘာသာစကားကိုလည်း ကောင်းကောင်းမပြောတက်၊ ရာသီဥတုကလည်း မတူ၊ လူမျိုးမတူ ယဉ်ကျေးမှုမတူညီတာတွေကို ကျော်ဖြတ်ခဲ့ရတာပါ။ လွန်ခဲ့တဲ့ ၁၆ နှစ်ကို ပြန်ကြည့်ရရင် ဒီမှာရှိရတာကို ကမ္ဘာ့ဖလားချန်ပီယံဖြစ်ရတာ ဆုဖလားတွေရရှိတာနှင့် တစ်ဦးချင်းဆုများ ရရှိတာကို ဂုဏ်ယူမိပါတယ်။ ကိုယ့်ကိုကိုယ် ဂုဏ်ယူမိပြီး ဆက်သွားနေအုံးမှာပါ" လို့ မာတီနက်ဇ်က ခြေသလုံးက ကမ္ဘာ့ဖလားတက်တူးကို ကြည့်မိတဲ့အချိန်တိုင်း ခံစားမိတာကို ပြောပါတယ်။
အင်္ဂလန်မှာတုန်းက အာဆင်နယ်မှာရှိခဲ့တဲ့ မာတီနက်ဇ်ဟာ လက်ရှိအချိန်မှာ ဗီလာအတွက် လက်စွမ်းပြသနေတာဖြစ်ပါတယ်။ သူဟာ ဖီဖာရဲ့အကောင်းဆုံးဂိုးဆုကို ၂ ကြိမ်ရရှိခဲ့ပြီး အာဂျင်တီးနားနှင့်အတူ ကိုပါအမေရိကဖလား ၂ ကြိမ် ရရှိထားပါတယ်။