The network connection is lost.

Banner Image

အင်တာမီလန်ဟာ ကစားတာကိုရပ်တန့်လိုက်တယ်လို့ မာတီနက်ဇ် ပြောကြား

အင်တာမီလန်အသင်းတိုက်စစ်မှူး မာတီနက်ဇ်က စူပါဖလားပြိုင်ပွဲမှာ အေစီမီလန်ကို ၃-၂ နဲ့အရေးမနိမ့်ခင် မိမိတို့က ၂ ဂိုးပြတ်ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ကစားတာကို ရပ်တန့်လိုက်တယ်လို့ ပြောကြားလိုက်ပါတယ်။ “ပထမပိုင်းမှာ ရှုထောင့်ပေါင်းစုံကနေ ကျွန်တော်တို့အပေါင်းလက္ခဏာဆောင်ခဲ့ပါတယ်။ ဒါပေမယ့် အင်တာက ကစားအားချလိုက်ပြီး အဲ့တာက ဒီပွဲအတွက် ပေးဆပ်မှုကြီးမားခဲ့ရတာပါ။

မီလန်က ဆာလောင်နေတာလို့ ကျွန်တော်မပြောပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အခွင့်အရေးအချို့ရခဲ့ပါတယ်။ ဖရက်ဆီ ၊ ဒန်ဇဲလ် ၊ မစ်ခီတာရန် နဲ့ အခြားသူတွေရခဲ့ပါတယ်။ အခိုက်အတန့်လေးတွေက ပွဲကိုပြောင်းလဲစေခဲ့တာပါ။ ကျွန်တော်တို့ အဲ့လိုအခိုက်အတန့်တွေကို အသုံးမချနိုင်ခဲ့ပါဘူး။ ပွဲကိုအရေးနိမ့်ခဲ့ပေမယ့် ကျွန်တော်တို့နဲ့ ထိုက်တန်လားဆိုတာ မသိပါဘူး။

ဒါပေမယ့် မီလန်ရဲ့လက်မလျှော့တဲ့စွမ်းဆောင်ရည်ကိုတော့ ချီးကျူးရမှာပါ။ ဘာဖြစ်ခဲ့လဲဆိုတာ ရှင်းပြဖို့ ခက်ခဲပါတယ်။ တင်းမာမှုတွေကို ကျွန်တော် ပထမဆုံးတွေးမိပါတယ်။ ဘာလို့လဲဆိုတော့ မီလန်က တန်ပြန်တိုက်စစ်ကောင်းတယ်ဆိုတာ သိထားပါတယ်။ ကျွန်တော်တို့ လိုအပ်တဲ့လူကပ်မှုတွေမလုပ်နိုင်ခဲ့သလို အခွင့်အရေးတွေကို အသုံးမချနိုင်တာက ပွဲအဖြေဖြစ်သွားခဲ့တာပါ”လို့ မာတီနက်ဇ်က ပြောကြားခဲ့ပါတယ်။