The network connection is lost.

Banner Image

ဆွန်မာရဲ့ ခွဲစိတ်မှု အောင်မြင်ကြောင်း ကြေညာလိုက်တဲ့ အင်တာမီလန်

ဂိုးသမားဟာ ကြာသပတေးနေ့က လေ့ကျင့်မှုအတွင်း လက်မကျိုးပြီး ချက်ချင်းပင် ခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်။


သောကြာနေ့ညမှာတော့ ခွဲစိတ်မှု အောင်မြင်ကြောင်း အင်တာက ကြေညာခဲ့ပြီး ဆွန်မာရဲ့ ပြန်လည်သန်စွမ်းရေး လုပ်ငန်းစဉ်ကို တနင်္လာနေ့မှ စတင်မယ်လို့ ဖော်ပြခဲ့ပါတယ်။
ဆွန်မာဟာ အနည်းဆုံး ၃ ပတ်ကြာ နားရမယ်လို့ သတင်းများအရ သိရပါတယ်။
ထို့ကြောင့် အရန်ဂိုးသမား ဂျိုးဆက်မာတီနက်ဇ်က ဝါရင့်ဂိုးသမားရဲ့နေရာတွင် အစားဝင်ရောက် ကစားသမားသွားမှာ ဖြစ်ပါတယ်။