မေဂျာလိဂ်ပွဲစဉ်နှစ်ပွဲကစားပြီးနောက် မက်ဆီ ပင်ပန်းနေပြီဖြစ်ကြောင်း အင်တာမီယာမီနည်းပြဝန်ခံ
အင်တာမီယာမီနည်းပြ တာတာမာတီနိုက လီယွန်နယ်မက်ဆီဟာ မေဂျာလိဂ်ပွဲစဉ်နှစ်ပွဲအပြီးမှာ ပင်ပန်းနေပြီဖြစ်ကြောင်း အရိပ်အမြွက်ပြောသွားခဲ့ပါတယ်။
မာတီနိုက အာဂျင်တီးနားသားရဲ့ ခြေစွမ်းကောင်းတွေကို မြင်တွေ့ချင်ရင် အသင်းဖော်တွေက ကောင်းကောင်းပံ့ပိုးပေးနိုင်ဖို့ လိုအပ်ကြောင်းလည်း ပြောခဲ့ပါတယ်။
မီယာမီ Herald သတင်းထောက် ကော်ဖ်မန်းက ရေးသားခဲ့ရာမှာ "တာတာမီတီနိုက မက်ဆီဟာ မေဂျာလိဂ်အဖွင့်ပွဲစဉ်၂ပွဲမှာ အင်အားတွေအများကြီးသုံးခဲ့ရတယ်လို့ ပြောပါတယ်။ ရာသီတစ်ခုကို ဖြတ်သန်းဖို့အတွက် မက်ဆီအနေနဲ့ ဂိုးတွေကို အဆုံးသတ်နိုင်ဖို့ အသင်းဖော်တွေက ဘောလုံးကောင်းကောင်းပေးနိုင်ဖို့ ရည်ရွယ်ထားကြောင်း ပြောပါတယ်။"လို့ ဖော်ပြထားပါတယ်။
အင်တာမီယာမီအသင်းဟာ ဒီနှစ်ရာသီ မေဂျာလိဂ်၊ မေဂျာလိဂ်ရှုံးထွက်ဖလား၊ ကွန်ကာကက်ဖ် ချန်ပီယံလိဂ်၊ လိဂ်ဖလား၊ US Open Cupတို့လို ပြိုင်ပွဲ၅ရပ်ကို ယှဉ်ပြိုင်မှာဖြစ်လို့ မာတီနိုပြောတာ မှန်တယ်လို့ပဲ ဆိုရမှာပါ။
မက်ဆီဟာ Apple TVနဲ့ မေဂျာလိဂ်တို့ရဲ့ ဒေါ်လာ ၂.၅ဘီလီယံတန်စာချုပ်ကြောင့် မေဂျာလိဂ်ပွဲစဉ်တွေမှာ ဆက်တိုက်ပါဝင်ကစားရဖို့ရှိနေပါတယ်။
ဘာစီလိုနာ၊ ပီအက်စ်ဂျီတို့မှာလိုမဟုတ်ဘဲ ကမ္ဘာ့ဖလားပိုင်ရှင်ဟာ အင်တာမီယာမီမှာ ကြံ့ခိုင်မှုအားမကောင်းခဲ့ဘဲ ဒီနှစ်ရာသီမတိုင်ခင် ရာသီကြိုခြေစမ်းပွဲအချို့ကိုလည်း လွဲချော်ခဲ့ပါတယ်။