The network connection is lost.

Banner Image

ချဲလ်ဆီးရှိ အနာဂတ်စတား ၃ ဦးရဲ့နာမည်ကို ပြောကြားလိုက်တဲ့ လာဗီးယာ

အသက် ၂၁ နှစ်အရွယ် လာဗီးယာဟာ ၂၀၂၃ ခုနှစ်တွင် ဆောက်သမ်တန်မှ ပေါင် ၅၃ သန်းဖြင့် ချဲလ်ဆီးသို့ ပြောင်းရွှေ့လာပြီးနောက် ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။
သို့သော်လည်း သူ့အတွက် လမ်းကြောင်းတွေက အဆင်မပြေဖြစ်ခဲ့တာပါ။ ဒဏ်ရာကြောင့် ပထမဆုံးရာသီကို ကင်းကွာခဲ့ရပြီး ယခုရာသီမှာလည်း ကျန်းမာရေးပြဿနာများကြောင့် နှောင့်နှေးခဲ့ရကာ နည်းပြသစ် မာရက်စ်ကာရဲ့ လက်ထက် ပြိုင်ပွဲစုံ ၁၂ ပွဲသာ ကစားခွင့်ရထားပါတယ်။

လာဗီးယာက လာမည့်ရက်သတ္တပတ်များအတွင်း အသင်းအတွက် ပြန်ကစားပေးနိုင်မယ်လို့ မျှော်လင့်ထားသော်လည်း မာရက်စ်ကာတော့ ပထမအသင်းအတွက် ကစားပေးနိုင်မယ့် အချိန်ကို မသတ်မှတ်ရသေးတာ ဖြစ်ပါတယ်။ စတန်းဖို့ဘရစ်ချ်တွင် စတင်ခဲ့ရတဲ့ စိတ်ပျက်စရာအခြေအနေများကြားမှပင် လာဗီးယာဟာ ယခုအပတ်ရဲ့ EA SPORTS FC 25 Future Stars တွင် ယာမယ်၊ ဆက်ခို။ ယိုရို၊ အန်းဒရစ်တို့နှင့်အတူ ရွေးချယ်ခံခဲ့ရပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင် လာဗီးယာဟာ Rising Ballers YouTube ချန်နယ်နှင့် အင်တာဗျူးတွင် သူ့ရဲ့ ရွေးချယ်ခံရမှုနှင့် အခြားခေါင်းစဉ်များစွာကို ဆွေးနွေးခဲ့ပြီး ချဲလ်ဆီးလူငယ်ကစားသမားတွေထဲက ထိုစာရင်းတွင် ပါဝင်နိုင်တဲ့ လူငယ်များရဲ့နာမည်ကို ပြောကြားခဲ့ပါတယ်။

"ကျွန်တော်စဉ်းစားကြည့်ရမယ်ဆိုရင် ဂျော့ရေ့ချ်၊ အက်ချန်ပေါင် တို့ကို ကျွန်တော်မြင်မိပါတယ်" လို့ လာဗီးယာ က ပြန်လည်ဖြေကြားခဲ့ပါတယ်။
"ခင်ဗျားကတော့ သူတို့ကို မသိဘူးလို့ထင်ပါတယ် ဒါပေမယ့် တိုက်စစ်မှူးကောင်းတစ်ဦးဖြစ်တဲ့ မူဟီကာကိုတော့ သိမှာပါ"
"ဟုတ်တယ်၊ ဒီသုံးယောက်ကို ကျွန်တော်ပြောချင်ပါတယ်။ သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို ကျွန်တော် ယုံကြည်ပါတယ်" လို့ လာဗီးယာက ပြောပါတယ်။

သူက ကွင်းအတွင်းနှင့် ပြင်ပမှ ရည်မှန်းချက်များနှင့် ဘောလုံးအသိုင်းအဝိုင်းအတွက် ပြန်လည်ပေးဆပ်လိုတဲ့ သူ့ရဲ့ဆန္ဒကို ပြောကြားခဲ့ပါတယ်။
"ကွင်းပြင်ပမှာ ကျွန်တော်ရဲ့အသိုင်းအဝိုင်းကို ပြန်လည်ပေးဆပ်ချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဘောလုံးသမားတွေအနေနဲ့ ကျွန်တော်တို့ ပိုလုပ်နိုင်တယ်လို့ ထင်လို့ပါ။ ဒါက ကျွန်တော့်ရဲ့ စိတ်ထဲမှာ ရှိနေတဲ့ အရာတစ်ခုပါ" လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့ကို အမြဲတမ်း အားပေးနေတဲ့ လူတွေရှိပါတယ်။ တစ်ခါတလေ ကျွန်တော်တို့ ပွဲကစားနေတုန်း မိုးရွာနေတယ် ရာသီဥတုဆိုးနေတယ် ကျွန်တော်အတွက် ဒီလူတွေက အဲဒီမှာရှိနေပြီး သီချင်းဆိုနေကြတယ်။ အမြဲတမ်း ကျွန်တော်တို့နောက်က ရပ်တည်ပေးနေကြပါတယ်လို့ တွေးမိပါတယ်။ ဒါကြောင့် ကျွန်တော် တတ်နိုင်သလောက် ဒီချစ်ခြင်းမေတ္တာကို ပြန်ပေးချင်ပါတယ်"

"ကွင်းထဲမှာ ကျွန်တော်ရည်မှန်းတာက အများကြီးပါ။ ကျွန်တော်က အမြင့်ဆုံးကို ရည်မှန်းထားပါတယ် ဒါကြောင့် ကျွန်တော်ရနိုင်သမျှ ချန်ပီယံဆုတိုင်းကို ယူချင်ပါတယ်" လို့ ပြောပါတယ်။ လာဗီးယာက ရော်နယ်ဒိုနှင့် ရင်ဆိုင်ကစားခဲ့ရတဲ့အချိန်ကို သူရဲ့ ကစားသမားဘဝတွင် အထင်ကရအဖြစ် ဖော်ပြထားပြီး အခက်ခဲဆုံး ပြိုင်ဘက်အဖြစ်တော့ တစ်နိုင်ငံသား ဒီဘရိုင်းကို ရွေးချယ်ခဲ့ပါတယ်။

ရော်နယ်ဒိုက သူကြုံတွေ့ခဲ့ရတဲ့ အခက်ခဲဆုံးကစားသမားလားလို့ မေးခံရသောအခါ လာဗီးယာက "အခက်ခဲဆုံးလားဆိုတော့ မဟုတ်ဘူးထင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က တိုက်ရိုက်ယှဉ်ပြိုင်နေတာ မဟုတ်ပါဘူး"
"အခက်ခဲဆုံးလို့ ကျွန်တော်ပြောရင် ဒီဘရိုင်းပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်က မန်စီးတီးမှာ တစ်နှစ်လုံး သူနဲ့အတူ လေ့ကျင့်ခဲ့တာပါ။ သူ့လှုပ်ရှားမှုတွေကို ကြည့်ခဲ့ပြီး ဆောက်သမ်တန်ကို ပြောင်းသွားခဲ့ကာ သူနဲ့ ယှဉ်ပြိုင်ကစားရတဲ့အခါ သူ့ကို ကျွန်တော်ကောင်းကောင်းကြီးသိတယ်လို့ ထင်ခဲ့ပါတယ်"

"ဒါက ကျွန်တော် ကြုံတွေ့ခဲ့ရတဲ့ အခက်ခဲဆုံး ပြိုင်ဘက် ဟုတ်ပါတယ်" လို့ ဖြေပါတယ်။ လာဗီးယာက ပထမဆုံးနေနဲ့ အန်းဒါးလက်ချ်မှာကစားခဲ့ပြီး နောက်ပိုင်းတွင် မန်စီးတီးသို့ ရောက်လာစဉ် နေရာများစွာတွင် ကစားခဲ့ပြီး သူ၏ ဖွံ့ဖြိုးတိုးတက်မှုတစ်လျှောက်တွင် သူရဲကောင်းအဖြစ်သတ်မှတ်ထားတဲ့ ဘောလုံးသမားများထံကနေ စိတ်အားထက်သန်မှုများ ရယူခဲ့ပါတယ်။

"အစပိုင်းမှာ ခင်ဗျားက တစ်နေရာတည်းမှာ မကစားဘူး။ ဒါကြောင့် ရော်နယ်ဒင်ဟို နဲ့ နေမာ တို့လို ကစားသမားတွေကို ကြည့်နေပါတယ်" လို့ လာဗီးယာက သူရဲ့ သူရဲကောင်းများကို ပြောပြရန် မေးခံရသောအခါ ပြန်လည်ဖြေကြားခဲ့ပါတယ်။
"ဒါပေမယ့် တစ်ချိန်မှာ ခင်ဗျားက ကိုယ့်နေရာကို ရလာပြီးတော့ ခင်ဗျားရဲ့ သူရဲကောင်းတွေက ခင်ဗျားကစားနေတဲ့ နေရာကို ရွေ့လာပါတယ်"

"ယေဘုယျအားဖြင့် မက်ဆီ၊ နေမာ၊ ရော်နယ်ဒင်ဟို၊ ရာမို့စ် တို့ကို ကျွန်တော်ပြောပါမယ်။ ကျွန်တော်က တိုက်စစ်မှူး ဗဟိုခံစစ်မှူးနေရာတွေမှာ ကစားခဲ့ပါတယ် ဒါကြောင့် အရာအားလုံးနဲ့ နည်းနည်းစီ ရှိပါတယ်"
"ကျွန်တော့်နေရာမှာ အဓိကအားဖြင့် ဘက်စ်ကွက်စ်ရဲ့နေရာပါ ဘာလို့လဲဆိုတော့ ကျွန်တော် ဘောလုံးပွဲတွေကို စကြည့်တော့ သူတို့က အကောင်းဆုံးအချိန်ဖြစ်ပြီး ဒါကြောင့် ဘက်စ်ကွက်စ်ကို ပြောချင်ပါတယ်"

"ပြီးတော့ နှစ်တွေကြာလာတော့ ကန်တီ ဒါမှမဟုတ် ဖာနန်ဒင်ဟို တို့လို ကစားသမားတွေအကြောင်းကို ပြောပြီး ဒါကြောင့် ဥပမာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် နည်းနည်းလောက်ပဲ ပြောချင်ပါတယ်" လို့ လာဗီးယာက ပြောပါတယ်။