The network connection is lost.

Banner Image

ဘိုင်ယန်မြူးနစ်နှင့် စာချုပ်ဖျက်သိမ်းခ ယူရို ၆၅ သန်း နှင့်ပတ်သက်ပြီး ပြောကြားလိုက်တဲ့ ဟယ်ရီကိန်း

ဂျာမန်ဘီလူးကြီးနှင့် သူ့ရဲ့စာချုပ်တွင် စာချုပ်ဖျက်သိမ်းခ ပါရှိကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ်တွင်အလွန်ပျော်ရွှင်နေကြောင်းပြောကြားခဲ့ပါတယ်။ အင်္ဂလန်အသင်းခေါင်းဆောင်ဖြစ်သူ ကိန်းက ၂၀၂၃ ခုနှစ်တွင် တော့တင်ဟမ်မှ ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့လာပြီးနောက် သူရဲ့ စာချုပ်တွင် စာချုပ်ဖျက်သိမ်းခ ထည့်သွင်းထားကြောင်း ယခုရက်သတ္တပတ်အစောပိုင်းတွင် ပေါ်ထွက်လာပါတယ်။ 

သောကြာနေ့က ဝါဒါဘရီမင်ကို ၃-၀ ဂိုးဖြင့် အနိုင်ရခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲတွင် ၂ ဂိုး သွင်းယူခဲ့ပြီးနောက် အသက် ၃၁ နှစ်အရွယ် ကိန်းက ပရီးမီးယားလိဂ်သို့ ပြန်လာနိုင်တဲ့ သတင်းများနှင့် ပတ်သက်၍ ပြောကြားခြင်းမရှိဘဲ ရှောင်ရှားခဲ့ပါတယ်။ သူက Sky Germany သို့ "ကျွန်တော် ပြောနိုင်တာက ဘိုင်ယန်မြူးနစ်မှာ အရမ်းပျော်ရွှင်နေပါတယ်။ ဒါနဲ့နဲ့ ပတ်သက်ပြီး မှတ်ချက်မပေးလိုပါဘူး" လို့ ပြောကြားခဲ့ပါတယ်။

ဝါဒါဘရီမင်ကို အနိုင်ရခဲ့တဲ့ ပွဲနှင့် ပတ်သက်၍ ကိန်းက "နောက်ထပ် ကောင်းမွန်တဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ရာသီတစ်လျှောက်လုံး ခက်ခဲတဲ့ ပွဲတွေ ရှိလာမှာပါ၊ ကျွန်တော်က တာဝန်ယူပြီး ဂိုးသွင်းပေးချင်ပါတယ်။ ဒီရာသီမှာ အကြိမ်အနည်းငယ်သာ ဖြစ်ခဲ့ပေမယ့် ဒါက ကောင်းပါတယ်။ ကျွန်တော်က ဒီမှာ အသင်းသားတွေနဲ့ အတူရှိနေရတာ ပျော်ရွှင်ပါတယ်။ ကျွန်တော့်အတွက် တိုးတက်ဖို့က အမြဲလိုလိုရှိနေပြီး ဒီနေ့ ဘယ်ဘက်ခြေနဲ့ လွဲသွားတဲ့ ဂိုးလိုမျိုးပေါ့။ ဒါပေမယ့် ဂိုးသွင်းရတာ အမြဲတမ်း ကောင်းပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

သတင်းများအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ဈေးကွက်တွင် ကိန်းကို ယူရို ၆၅ သန်း (ပေါင် ၅၄ သန်း) ဖြင့် ဝယ်ယူနိုင်မယ်လို့ သတင်းတွေကဖော်ပြထားပြီး ထိုစျေးနှုန်းက တန်ဖိုးရှိတဲ့ ဝယ်ယူမှုတစ်ခု ဖြစ်နိုင်ပါတယ်။ တော့တင်ဟမ်ကစားသမားဟောင်း ကိန်းဟာ လာမယ့် ဇန်နဝါရီတွင် အသက် ၃၂ နှစ် ရှိလာမည်ဖြစ်ပြီး ဂျာမန်ကလပ်အတွက် ပွဲပေါင်း ၇၃ ပွဲတွင် ၇၂ ဂိုးနှင့် ဂိုးဖန်တီးမှု ၂၂ ကြိမ် ပြုလုပ်ပေးထားပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ စွမ်းဆောင်ရည်များ ကျဆင်းလာမည့် လက္ခဏာများ မတွေ့ရသေးပါဘူး။ သူက အင်္ဂလန်သို့ ပြန်လာမလား ဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ကိန်းရဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်ရက်သတ္တပတ်တွင် အရေးကြီးတဲ့ ပွဲစဉ်များကို ကစားရမှာဖြစ်ပြီး ဗုဒ္ဓဟူးနေ့တွင် ချန်ပီယံလိဂ် play-off အဖြစ် ဆဲလ်တစ်သို့ သွားရောက် ကစားရမှာဖြစ်ကာ စနေနေ့မှာတော့ လေဗာကူဆင်နှင့် ကစားရမှာဖြစ်ပါတယ်။