
မန်စီးတီးကွင်းလယ်လူ နူနက်စ်ကို ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ယောက်လို့ချီးကျူးခဲ့ပေမယ့် ၎င်းသည်ချဲ့ကားပြောဆိုခဲ့ခြင်းဖြစ်နိုင်ကြောင်း ပြန်လည်ဝန်ခံခဲ့တဲ့ ဂွာဒီယိုလာ
မန်စီးတီးသည် နွေရာသီတွင် ဝုဗ်အသင်းမှ နူနက်စ်ကို ပေါင် ၅၃ သန်းဖြင့် ခေါ်ယူခဲ့ပြီး အဆိုပါပေါ်တူဂီလက်ရွေးစင်သည် စနေနေ့က နော်တင်ဟမ်ဖောရက်စ်ကို ၂-၀ ဖြင့် အနိုင်ရရှိခဲ့သော ပွဲစဉ်တွင် မန်စီးတီးအသင်းအတွက် ၎င်း၏ပထမဆုံး ပရီးမီးယားလိဂ်ပွဲဦးထွက်ကို စတင်ခွင့်ရခဲ့ပါတယ်။
နူနက်စ်သည် မန်စီးတီး၏ ရေဒါတွင် အချိန်အတော်ကြာနေခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ချန်ပီယံလိဂ်တွင် စပို့တင်းအသင်းကို ၅-၀ ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ဂွာဒီယိုလာက "နူနက်စ်သည် ယနေ့ကမ္ဘာ့အကောင်းဆုံး ကစားသမားများထဲမှ တစ်ဦးဖြစ်ပါတယ်"လို့ ဂွာဒီယိုလာက ပြောခဲ့ပါတယ်။ ဒါပေမယ့် နော်တင်ဟမ်ဖောရက်စ်ကို မန်စီးတီးအနိုင်ရပြီးနောက် သူ့ရဲ့မှတ်ချက်တွေကို ပြန်အမှတ်ရတဲ့ ဂွာဒီယိုလာက 'ကျွန်တော် နည်းနည်းချဲ့ကားတာ ဖြစ်နိုင်တယ်။ သူကအဲ့ဒီလောက်မဟုတ်ဘူး"လို့ ပြန်လည်ဝန်ခံခဲ့ပါတယ်။
ဒါပေမယ့် သူ့ရဲ့ယခင်မှတ်ချက်တွေကို ပြန်ပြင်သုံးသပ်ခဲ့ပေမယ့်လည်း "ဂွာဒီယိုလာက သူဟာ မန်စီးတီးမှာ နူးနက်စ်အနေနဲ့ စတင်အသက်ဝင်လာတာကို သဘောကျတယ်လို့ ပြောပါတယ်။ ဂွာဒီယိုလာက တကယ်ကောင်းပါတယ်။ သူ့ကို တစ်ခါတစ်လေမှာ ကျွန်တော် စိတ်အေးအေးထားဖို့ တိုက်တွန်းနေရပါတယ်။ ဒါပေမဲ့ သူက သွက်လက်တယ် ။ ဒီနေ့ကစားတဲ့ပွဲမှာ သူက ဘောလုံးယူ၊ တွန်းလှန်ပြီး ပြိုင်ဘက်တွေကို နောက်ကောက် ချနိုင်လိုက်တယ်။ သူ့ကိုကြည့်ရင် ဘယ်တော့မှပင်ပန်းတဲ့ပုံမပေါက်ပါဘူး။ ဘာလို့လဲဆိုတော့ သူက မီတာ ၁၅ ၊ ၂၀ လောက်မှာပဲ ကစားတာတွေ့ရလို့ပါ၊ စပို့တင်းလစ္စဘွန်းနဲ့ ဝုဖ်အသင်းမှာ ကစားကတည်းက ဒါကို ကောင်းကောင်းသိပါတယ်။ ကျွန်တော့်ရဲ့သူငယ်ချင်းဖြစ်တဲ့ လိုပက်တီဂူကို နူနက်ဇ်က ဘယ်လိုနေလဲ လို့မေးခဲ့တယ်၊ ၊ ထင်မြင်ချက်တွေအားလုံးက တကယ်ကောင်းတယ်၊ သူက အပြေးသမားတစ်ယောက်အနေနဲ့ ထူးခြားတယ်၊ အဆုံးသတ်ကောင်းတယ်၊ ခံစစ်ပိုင်းမှာလည်း နှစ်နေရာ သုံးနေရာလောက်ကစားနိုင်တဲ့သူပါ။ ဟုတ်တယ်။ ရက်ဒ်ဘူးလ်နဲ့ ကစားခဲ့တဲ့ နောက်ဆုံးနှစ်ပွဲက ကျွန်တော်တို့အတွက် အဓိကအချက်ပါပဲ၊ တကယ်ကို အရေးကြီးတယ်”လို့ ပြောကြားခဲ့ပါတယ်။