ဂျာမနီရဲ့ ဒိန်းမတ်အား ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းက အမှတ်ရစေမယ့်ပွဲတစ်ပွဲပါလို့ ပြောကြားလိုက်တဲ့ ဂမ်ဒိုဂန်
သူ့ရဲ့ကစားသမားဘဝတွင် ဘာစီလိုနာစတား ဂမ်ဒိုဂန်ဟာ အမှတ်ရဖွယ်ရာပွဲစဉ်တော်တော်များများကို ကစားခဲ့သူဖြစ်သော်လည်း ယူရို ၂၀၂၄ တွင် ဂျာမနီရဲ့ ဒိန်းမတ်အား ၂-၀ ဂိုးဖြင့် အနိုင်ရရှိမှုဟာ အဲ့ဒီထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။"ဒါဟာ အမှတ်ရစရာ ပွဲတစ်ပွဲပါ။ ရိုးရိုးသားသားပြောရရင် ထူးဆန်းပါတယ်။ အရမ်းကြပ်တည်းတဲ့ ပွဲဖြစ်ပြီး ကျွန်တော်တို့ ကံကောင်းခဲ့ပါတယ်။ ဒိန်းမတ်ဟာ ပွဲအများစုမှာ ကောင်းကောင်း ကာကွယ်နိုင်ခဲ့ပေမယ့် ကျွန်တော်တို့ နိုင်ပွဲနဲ့ ထိုက်တန်ပါတယ်"
"ဒါဟာ ကောင်းမွန်တဲ့ ပရိသတ်တွေရဲ့ အားပေးမှုတစ်ခုပါပဲ။ နိုင်ငံတော်သီချင်းတီးနေချိန်တွင် လူအုပ်ကြီးက ကျွန်တော်တို့ကို အားပေးရန် အသင့်ဖြစ်နေပြီလို့ တကယ်ခံစားရနိုင်ပါတယ်။ ရိုးရိုးသားသားပြောရရင် ဒေါ့မွန်ဆီက ဘာကိုမှ သိပ်မမျှော်လင့်ထားပါဘူး။ ဒီကို ပြန်လာရတာ အမြဲတမ်း ကောင်းပါတယ်။ အခု ကျွန်တော်တို့ စတုဂတ်ကို ထပ်ပြီး စောင့်မျှော်နေပါတယ်" လို့ ဂမ်ဒိုဂန်က ပြောကြားခဲ့ပါတယ်။
ပရိသတ်တွေရဲ့အားပေးမှု အင်အားဖြစ်စေတယ်လို့ သတ်မှတ်ထားတာ ဂန်ဒိုဂန်က တစ်ဦးတည်းမဟုတ်ပါဘူး။ နည်းပြ နာဂယ်စ်မန်းကလည်း အားကစားကွင်းအတွင်းရှိ ပရိသတ်တွေရဲ့အားပေးမှု စွမ်းအင်ကို ခံစားခဲ့ရပါတယ်။ သိသာထင်ရှားတာကတော့ ကွင်းအတွင်းရှိ ခံစားချက်ဟာ ဂျာမနီအပေါ် အပြုသဘောဆောင်တဲ့ နည်းလမ်းဖြင့် လွှမ်းမိုးသွားခြင်း ဖြစ်ပါတယ်။