The network connection is lost.

Banner Image

အင်္ဂလန်ရဲ့အကောင်းဆုံးကစားသမားဆီကနေ အကျီတောင်းခဲ့ကြောင်း ဂတ်စ်ကွိုင်နီ ထုတ်ဖော်ပြောကြား

အင်္ဂလန်အသင်းဂန္ထဝင်ဟောင်း ဂတ်စ်ကွိုင်နီက သူဟာ လက်ရှိအင်္ဂလန်အသင်းရဲ့အကောင်းဆုံးကစားသမားဆီကနေ အကျီတောင်းခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဂတ်ဇာဟာ အင်္ဂလန်အသင်းရဲ့အရည်အချင်းအရှိဆုံးကစားသမားတွေထဲကတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။

နယူးကာဆယ် ၊ တော့တင်ဟမ် နဲ့ ရိန်းဂျားစ်အသင်းတွေမှာကစားခဲ့တဲ့ အင်္ဂလန်သားဟောင်းဟာ နိုင်ငံအသင်းအတွက် ၅၇ ပွဲပါဝင်ကစားခဲ့ကာ ၁၉၉၀ ကမ္ဘာ့ဖလား နဲ့ ၁၉၉၆ ယူရိုဖလားပြိုင်ပွဲတွေမှာ အရေးပါတဲ့သူအဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နေးရှင်းလိဂ်ပွဲစဉ်တွေမှာလည်း ဂတ်စ်ကွိုင်နီက တက်ရောက်ခဲ့ပြီး ဖိုဒန်အကျီကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အသက် ၂၄ နှစ်သားဟာ အင်္ဂလန်အသင်းအတွက် ၄၃ ပွဲပါဝင်ကစားခဲ့ပြီး စီးတီးနဲ့အတူ ပရီးမီးယားလိဂ် ၆ ကြိမ်ရယူထားနိုင်ခဲ့ပါတယ်။ ၂၀၂၄ မှာလည်း ဖိုဒန်ဟာ ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရယူနိုင်ခဲ့ပြီး ယူရို ၂၀၂၄ မှာတော့ ရုန်းကန်ခဲ့ရပါတယ်။

ဖိုဒန်တစ်ယောက် ဒီရာသီမှာလည်း အသင်းနဲ့အတူ ရုန်းကန်နေရပြီး စီးတီးကလည်း ဂွါဒီယိုလာလက်အောက်မှာ ရလဒ်တွေဆိုးဝါးလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဖိုဒန်ဟာ အင်္ဂလန်အသင်းရဲ့အကောင်းဆုံးကစားသမားအဖြစ် ဂတ်စ်ကွိုင်နီက ယုံကြည်နေဆဲဖြစ်ပါတယ်။

“ကျွန်တော် ဂျက်ဂရီးလစ်ချ်ကိုလည်း ကြိုက်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့အချက်အလက်တွေကြောင့်ပါ။ သူက ဘောလုံးဆုံးရှုံးခဲ့ပြီဆိုရင် ရအောင်ပြန်ယူလေ့ရှိသလို ဘောလုံးကိုလည်း ကိုင်ထားချင်တဲ့သူပါ။ သူက ဘယ်တော့မှပုန်းမနေတတ်တဲ့သူပါ။ ဒါပေမယ့် ကျွန်တော် ဖိုဒန်ကိုကြည့်တာတော့ မကြာသေးပါဘူး။ သူက တကယ့်ကိုထူးခြားသလို မယုံကြည်နိုင်စရာကောင်းပါတယ်။ အင်္ဂလန်အသင်းရဲ့အကောင်းဆုံးကစားသမားပါ။

ကျွန်တော် အဝတ်လဲခန်းထဲထိသွားပြီး အကျီတောင်းဖြစ်ခဲ့ပါတယ်။ သူက ကျွန်တော့်သားအတွက် လက်မှတ်ပါထိုးပေးခဲ့ပါတယ်။ စီးတီးအတွက် သူကအများကြီးစွမ်းဆောင်ပြထားပါတယ်။ တစ်ချို့အချိန်တွေမှာ သူ့ကစားပုံမကောင်းပါဘူး။ ဘာလို့လဲဆိုတော့ ငယ်ရွယ်နေတာကြောင့်ပါ။ အင်္ဂလန်အသင်းမှာ ဘယ်လင်ဟမ် ၊ ဂရီးလစ်ချ် ၊ ရက်ရှ်ဖို့ဒ်စတဲ့ကစားသမားတွေရှိနေသလို တောင့်တင်းတဲ့လူအင်အားလည်းရှိပါတယ်။

ဒါပေမယ့် ဖိုဒန်က ဘယ်ခြေအားသန်ကစားသမားတွေထဲမှာ အကောင်းဆုံးကစားသမားပါ။ ကျွန်တော် ဖိုဒန်ကို တကယ်ကြိုက်ပါတယ်။ သူက တကယ့်အရည်အချင်းရှိတဲ့သူပါ”လို့ ဂတ်စ်ကွိုင်နီက ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဂန္ထဝင်ဟောင်း ဝိန်းရွန်းနီကလည်း ဖိုဒန်ကို အင်္ဂလန်ရဲ့အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခဲ့ပါတယ်။

“ကျွန်တော် ဖိုဒန်ကို တကယ်သဘောကျပါတယ်။ ဒီရာသီစီးတီးအတွက် သူအများကြီးပါဝင်ခွင့်မရသေးပေမယ့် အင်္ဂလန်ရဲ့အကောင်းဆုံးကစားသမားလို့ ဆိုနိုင်ပါတယ်။ ပယ်လ်မာကလည်း ချဲလ်ဆီးနဲ့ စွမ်းဆောင်ပြနေသလို ဘယ်လင်ဟမ်လည်း ရီးရဲလ်နဲ့အကောင်းဆုံးလုပ်ပြနေပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ဖိုဒန်ကိုပဲ ရွေးချယ်ချင်ပါတယ်”လို့ ရွန်းနီက ပြောကြားခဲ့ပါတယ်။