ဆွစ်ဇာလန်နဲ့ ကစားမယ့် ကွာတားဖိုင်နယ်ပွဲမတိုင်မီ အင်္ဂလန်အတွက် ခန့်မှန်းချက်ပြုလုပ်လိုက်တဲ့ ဂယ်ရီနဗီးလ်
ယူရို ပြိုင်ပွဲမှာ အင်္ဂလန်ဟာ လက်ရှိအချိန်အထိ ရုန်းကန်နေရဆဲဖြစ်ပြီး စနေနေ့မှာတော့ ဆီမီးဖိုင်နယ်သို့ ရောက်ရှိဖို့အတွက် ဆွစ်ဇာလန်နှင့် ကစားရမှာဖြစ်ပါတယ်။
ဆောက်ဂိတ်ရဲ့အသင်းဟာ ဆားဘီးယားကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိပြီး ဒိန်းမတ်နှင့် ဆလိုဗေးနီးယားတို့နှင့် ပွဲမှာ အနိုင်မရရှိခဲ့သော်လည်း အုပ်စု C ရဲ့ ထိပ်ဆုံးကနေ နောက်တဆင့်သို့ တက်နိုင်ခဲ့ပါတယ်။ ဆလိုဗေးနီးယားနှင့်ပွဲမှာတော့ အကြိတ်အနယ်ကစားကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပါတယ်။
ဆလိုဗေးနီးယားနဲ့ပွဲမှာ ၂၅ မိနစ်ကတည်းက ဦးဆောင်ဂိုး ပေးထားရတဲ့ အင်္ဂလန်ဟာ အချိန်ပိုတွင် ဘယ်လင်ဂမ်ရဲ့ နောက်ပြန်ကန်ချက်ကြောင့် အသက်ဆက်နိုင်ခဲ့တာဖြစ်ပါတယ်။ ၁-၁ ဂိုး သရေကျသွားတာကြောင့် အင်္ဂလန်ဟာ အချိန်ပိုဆက်လက်ကစားခဲ့ရပြီး ပထမပိုင်းမှာ သွင်းယူခဲ့တဲ့ ကိန်းရဲ့ ဂိုးကြောင့် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ စနေနေ့ ဆွစ်ဇာလန်နှင့် ကစားမယ့် ကွာတားဖိုင်နယ်ပွဲမတိုင်မီမှာ နဗီးလ်က စိတ်ရှုပ်ထွေးနေသော်လည်း အင်္ဂလန်ဟာ ယူရိုမှာ အနိုင်ရရှိနိုင်သေးတယ်လို့ ယုံကြည်နေပါတယ်။
The Overlap newsletter တွင် နဗီးလ်က "အင်္ဂလန်အတွက် ကျွန်တော် သေချာမမှန်းနိုင်သေးပါဘူး။ စနေနေ့ပွဲကိုတော့ ကျွန်တော်သေချာကြည့်မှာပါ။ ပထမ ၄ ပွဲကလို စွမ်းဆောင်နိုင်မလားဆိုတာကတော့ သေချာပါတယ်" "တစ်ခုခုဖြစ်မယ်လို့ ကျွန်တော့် နှလုံးသားက ပြောနေပါတယ်။ ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူးဆိုရင်တောင် နောက်ဆုံးမိနစ်ဂိုးတွေက ပြောင်းလဲသွားမှာပါ" "၄ ပွဲစလုံးကို ဆိုးဆိုးရွားရွားကစားခဲ့သော်လည်း နောက်တစ်ခေါက်လုပ်နိုင်ဖို့အတွက် အခွင့်အရေးတွေက ရှိနေတုန်းပါ။ ဂိုးသွင်းခွင့်တွေကို ခက်ခက်ခဲခဲဖန်တီးရမယ်ဆိုရင်တော့ လာမယ့်ပွဲမှာလည်း ဆုံးရှုံးရဦးမှာပါ" "ဘယ်လင်ဂမ်ရဲ့ နောက်ပြန်ကန်ချက်က ခြားနားသွားစေတာလားဆိုတော့ အချိုးအရဆိုရင်တော့ မဟုတ်ပါဘူး။ ဆောက်ဂိတ်ရဲ့လက်ထက်မှာ အင်္ဂလန်က ဆိုးဆိုးရွားရွား ဖြစ်ခဲ့တာဖြစ်ပြီး စိတ်ခံစားချက်တွေက အားလုံးပြောင်းလဲသွားပြီဖြစ်ပါတယ်" "ရှင်းရှင်းပြောရရင် အင်္ဂလန်က စနေနေ့ ဆွစ်ဇာလန်နဲ့မှာ ဆလိုဗက်ကီးယားပွဲတုန်းကလို ကစားတဲ့အတိုင်းလုပ်ပြပြီး တကယ်ကို ကောင်းကောင်း အနိုင်ယူနိုင်ပါလိမ့်မယ်"
"ဆွစ်ဇာလန်ဟာ သူတို့ကြုံတွေ့ဖူးသမျှအသင်းတွေထက် အများကြီးသာလွန်တဲ့အသင်းဖြစ်ပြီး စီးရီးအေ၊ ပရီးမီးယားလိဂ်နဲ့ ဘွန်ဒက်စ်လီဂါက ချန်ပီယံကစားသမားတွေနဲ့ စုဖွဲ့ထားတာပါ" "ဒါနဲ့ အခုအချိန်မှာ ကျွန်တော့်နှလုံးသားနဲ့ ဦးနှောက်က လွန်ဆွဲနေပါတယ်။ အခွင့်အရေးတွေ မဖန်တီးနိုင်တဲ့အခါ ပြိုင်ပွဲတစ်ခုမှာ အိုင်ဒီယာကုန်ခမ်းသွားပြီး စွမ်းဆောင်ရည်ကသာ အဓိကကျတယ်လို့ ကျွန်တော့် ဦးနှောက်က ပြောနေပါတယ်" "ရလဒ်တွေက အရေးကြီးပါတယ်။ ဘယ်လင်ဂမ်နဲ့ ကိန်းတို့က ကွင်းထဲမှာ ရှိနေပြီး ဆောက်ဂိတ်ရဲ့ လူစားလဲမှုတွေကြောင်း ပြောနေသမျှကို ဘယ်သူမှ နားမလည်နိုင်ပါဘူး" "နှစ်ပတ်ကြာပြီးနောက် သူတို့မှာ ဒီနေရာက အကောင်းဆုံး အသင်းတစ်သင်းနဲ့ ဆီမီးဖိုင်နယ်သို့ ရောက်ဖို့အတွက် ကစားရမယ့် ပွဲတစ်ခု ရှိနေပါသေးတယ်။ သူတို့ဟာ သမိုင်းရေးထိုးနိုင်ဖို့ အကွာအဝေးတစ်ခုမှာ ရှိနေတယ်" လို့ နဗီးလ်က ပြောပါတယ်။