The network connection is lost.

Banner Image

စိန့်ဂီလိုစီအသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ ရီးရဲလ်နဲ့ ချဲလ်ဆီးကစားသမားဟောင်း ဟာဇက်

သတင်းတွေအရ ယူနီယံစိန့်ဂီလိုစီအသင်းဟာ ရီးရဲလ်စတားဟောင်း ဟာဇက်ကို စိတ်ဝင်စားနေပြီး ကစားသမားကလည်း ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။
 
ဟာဇက်ဟာ အခုနွေရာသီတုန်းက ရီးရဲလ်အသင်းကနေ ထွက်ခွာလာခဲ့တာဖြစ်ပြီး ၄ ရာသီအတွင်း ၇၆ ပွဲသာ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ ဘယ်လ်ဂျီယံသားကို ပေါင် ၈၉ သန်းနဲ့ ချဲလ်ဆီးထံကနေ ခေါ်ယူခဲ့ပေမယ့် စပိန်မြေမှာ ဟာဇက်တစ်ယောက် ဒဏ်ရာပြဿနာတွေနဲ့သာ ရုန်းကန်ခဲ့ရပါတယ်။
 
အသင်းအတွက် ၇ ဂိုးသာသွင်းယူနိုင်ခဲ့ပြီးနောက် ဟာဇက်ဟာ အသက် ၃၂ နှစ်အရွယ်မှာပဲ အသင်းလက်မဲ့ဖြစ်နေခဲ့တာဖြစ်ပါတယ်။ အေအက်စ်သတင်းဌာနရဲ့အဆိုအရ စိန့်ဂီလိုစီဟာ ဟာဇက်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ ဖော်ပြခဲ့ပါတယ်။
 
ဟာဇက်ဟာ အဆိုပါအသင်းထံပြောင်းရွှေ့ခဲ့မယ်ဆိုရင် ညီအကိုတွေဖြစ်တဲ့ ကိုင်လီယန်၊ သော်ဂန်တို့နဲ့ ဆုံတွေ့ရမှာဖြစ်ပါတယ်။ သော်ဂန်ကတော့ အန်ဒါလက်ချ်အသင်းအတွက် ကစားပေးနေပြီး ကိုင်လီယန်ကတော့ RDWM အသင်းမှာ ကစားနေတပါတယ်။
 
ဟာဇက် စိန့်အသင်းထံအလျင်အမြန်ပြောင်းဖို့ မဆုံးဖြတ်သေးပဲ အဆိုပါသတင်းက လီဗာပူးအတွက် သတင်းကောင်းဖြစ်လာခဲ့ပါတယ်။ အေအက်စ်သတင်းဌာနကလည်း ဟာဇက်ဟာ ဘယ်လ်ဂျီယံကိုပြန်ဖို့ ဟက်ဟက်ပက်ပက်မရှိဘူးလို့ ဖော်ပြခဲ့ပါတယ်။