
လေ့ကျင့်ခန်းအစီအစဉ်အတွင်း အဖျားတက်ခဲ့တာကြောင့် ဆေးရုံချက်ချင်းတက်ခဲ့ရတဲ့ ချဲလ်ဆီးနည်းပြဟောင်း
ရောမမြေရဲ့ပြင်းထန်တဲ့နွေရာသီဥတုအပူချိန်ကြောင့် လာဇီယိုနည်းပြ ဆာရီတစ်ယောက် လေ့ကျင့်ခန်းအစီအစဉ်အတွင်းမှာပဲ အဖျားတက်ခဲ့ပြီး ဆေးရုံချက်ချင်းတက်ခဲ့ရတယ်လို့ သိရပါတယ်။ အီတလီမြို့တော်ရဲ့အပူချိန်ဟာ ၃၀ ဒီဂရီအထက်ကို ကျော်လွန်ခဲ့ပြီး ဆေးကုသမှု ချက်ချင်းလုပ်ဆောင်ခဲ့ရတာဖြစ်ပါတယ်။
လာဇီယိုအသင်းဘက်ကလည်း အသက် ၆၆ နှစ်သားအခြေအနေဟာ တည်ငြိမ်မှုရှိပြီး လာမယ့်ရက်အနည်းငယ်အတွင်းမှာ အသင်းထံပြန်လာမယ်လို့ အတည်ပြုခဲ့ပါတယ်။ ဆာရီဟာ ပြင်းထန်တဲ့အပူချိန်ကြောင့် လာဇီယိုအသင်းနဲ့လေ့ကျင့်ခန်းလုပ်ဆောင်နေချိန်အတွင်းမှာ မသက်မသာခံစားခဲ့ရတာဖြစ်ပါတယ်။
အဲ့နောက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဆေးရုံချက်ချင်းတက်ခဲ့တာဖြစ်ပြီး သိပ်မကြာခင်မှာ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ကို ပြန်လာမယ်လို့ သိရပါတယ်။ဆာရီအခြေအနေနဲ့ပတ်သက်ပြီး လာဇီယိုက “နည်းပြ ဆာရီအခြေအနေက သက်သာပါတယ်။ မကြာခင်မှာ သူလေ့ကျင့်ခန်းအစီအစဉ်ထံ ပြန်လာမှာပါ။ ဒီမနက်ခင်းမှာ ကစားသမားတွေစစ်ဆေးတဲ့နေရာမှာထက် ပိုကောင်းတဲ့နေရာမှာ သူ့ရဲ့ကြံ့ခိုင်မှုအခြေအနေကို စစ်ဆေးပါတယ်”လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဆာရီဟာ ချဲလ်ဆီးမှာ တစ်ရာသီဖြတ်သန်းခဲ့တာဖြစ်ပြီး ယူရိုပါလိဂ်ဖလား နဲ့ ပရီးမီးယားလိဂ်မှာ အဆင့် ၃ နေရာရပ်တည်နိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။ အဲ့နောက် ဂျူဗင်တပ်စ်အသင်းထံမှာ နည်းပြခဲ့ပြီး ပြီးခဲ့တဲ့လတုန်းက လာဇီယိုအသင်းထံပြန်လာခဲ့ပါတယ်။ သူ့ရဲ့တမူထူးခြားတဲ့အကျင့် နဲ့ နည်းစနစ်ပိုင်းကြောင့် ဆာရီဟာ အီတလီဘောလုံးလောကမှာ ထင်ရှားတာဖြစ်ပါတယ်။
လာဇီယိုဘက်က ရာသီကြိုခရီးစဉ်အတွင်း ဆာရီရဲ့ကျန်းမာရေးအခြေအနေကို စောင့်ကြည့်နေပါတယ်။ ပြင်းထန်တဲ့အပူချိန်ကြောင့် လာဇီယိုဟာ ဆာရီကိုအနားပေးဖို့ ပြင်ဆင်နေပြီး လာမယ့်ရာသီသစ်အတွက် ပြင်ဆင်မှုတွေပြုလုပ်ဖို့ ဦးဆောင်စေချင်နေပါတယ်။