
မန်စီးတီး - လီဗာပူး ပွဲမတိုင်မီ ဟာလန်းရဲ့ ဒဏ်ရာအခြေအနေ
နော်ဝေလက်ရွေးစင်ဟာလန်းဟာ ပြီးခဲ့တဲ့ စနေနေ့က နယူးကာဆယ်အား ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့တဲ့ ပွဲစဉ်အတွင်း ဒူးဒဏ်ရာရရှိခဲ့သော်လည်း သူဟာ မန်စီးတီး အသင်းနှင့်အတူ မက်ဒရစ်သို့ ခရီးထွက်ခဲ့ပါတယ်။
သို့သော်လည်း ဟာလန်းဟာ ဗုဒ္ဓဟူးနေ့က ရီးရဲလ်မက်ဒရစ်အား ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်တွင် အရန်ကစားသမားအဖြစ်ရှိခဲ့ပြီး ဂွါဒီယိုလာရဲ့ အသင်းဟာ ချန်ပီယံလိဂ်မှ ထွက်ခွာခဲ့ရပါတယ်။ မန်စီးတီးအနေနဲ့ လီဗာပူးနှင့်ပွဲမှာ ကစားနိုင်မယ်လို့ မျှော်လင့်ထားသော်လည်း ဂွါဒီယိုလာက သောကြာနေ့တွင် လက်ရှိရာသီအတွက် ၂၇ ဂိုးသွင်းထားတဲ့ တိုက်စစ်မှူးဟာ ပွဲစဉ်နီးကပ်လာသည့်နှင့်အမျှ နောက်ဆုံးစမ်းသပ်မှုများ ပြုလုပ်ရန်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
ဟာလန်းရဲ့ ပါဝင်ကစားနိုင်မှုနှင့်ပတ်သက်ပြီး မေးမြန်းတဲ့အခါ ဂွါဒီယိုလာ က "ကျွန်တော် မသိသေးပါဘူး"
"မနက်ဖြန်မှာတော့ သိလာပါမယ် အခုတော့ ကျွန်တော် မသိသေးပါဘူး"လို့ ဖြေကြားပါတယ်။
ဟာလန်း ကစားနိုင်မယ်လို့ မျှော်လင့်ထားသလားလို့ မေးမြန်းတဲ့အခါ ဂွါဒီယိုလာ က "ဟုတ်ပါတယ် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော် သေချာတော့ မသိသေးပါဘူး။ ဒီနေ့ ကျွန်တော်တို့ လေ့ကျင့်မယ် မနက်ဖြန်အထိ သူစမ်းသပ်မှုတွေ လုပ်မယ် ဒါပေမယ့် ကျွန်တော်တော့ မသိသေးပါဘူး"
"သေချာတာကတော့ အာလင် ကို ကွင်းထဲမှာ မရှိတာထက် ရှိတာက ပိုကောင်းပါတယ်။ ဒါပေမယ့် အာလင် နဲ့အတူ ကျွန်တော်တို့က အခုလို အနေအထားမှာ ရှိနေပါတယ်"
"အသင်းအတွက် ကောင်းတာတွေ ဆိုးတာတွေကို လူတိုင်းက တာဝန်ယူရပါမယ်။ ဒါပေမယ့် အာလင် နဲ့အတူဆိုရင် ကျွန်တော်တို့က ပိုအားကောင်းတယ်ပါတယ်" လို့ ပြန်ဖြေပါတယ်။
ရီးရဲလ်မက်ဒရစ်အား ရှုံးနိမ့်ခဲ့တဲ့ ပွဲရဲ့ ၈ မိနစ်အကြာတွင် ဂျွန်စတုန်းက ဒဏ်ရာကြောင့် လူစားလဲခြင်းခံခဲ့ရပြီးနောက် ခွဲစိတ်ကုသမှု ခံယူရန် ရှိကြောင်း ဂွါဒီယိုလာက ပြေကြားခဲ့ပါတယ်။
"သူက ဒဏ်ရာရနေပြီး ခက်ခဲတဲ့အခြေအနေပါ။ နောက်ထပ် နာရီပိုင်း ရက်ပိုင်းအတွင်း ခွဲစိတ်ကုသမှု လိုအပ်မလားဆိုတာ သိလာမှာပါ။ ဟုတ်တယ် အကန်ဂျီလိုပါပဲ သူက အချိန်အတော်ကြာ နားနေရမှာပါ" လို့ ဂွါဒီယိုလာက ပြောပါတယ်။