The network connection is lost.

Banner Image

တန်ဟက်ကို ထုတ်ပယ်မှုအတွက် ယူရို ၆ သန်းနီးပါးကုန်ကျခဲ့တဲ့ လေဗာကူဆင်

လေဗာကူဆင်အသင်းဟာ နည်းပြ တန်ဟက်ကို ၂ ပွဲအပြီးမှာပဲ ထုတ်ပယ်ခဲ့ပြီးနောက် ယူရို ၆ သန်းနီးပါးကုန်ကျခဲ့တယ်လို့ သိရပါတယ်။ နယ်သာလန်သားဟာ လေဗာကူဆင်ကို ၂ လသာကိုင်တွယ်ခဲ့ပြီးနောက် အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ ဂျာမန်သတင်းဌာန Bild ရဲ့အဆိုအရ ယူနိုက်တက်နည်းပြဟောင်းကို ထုတ်ပယ်ခဲ့တဲ့အတွက် လစာအပါအဝင် ယူရို ၆ သန်းနီးပါးလောက်ကုန်ကျခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဘွန်ဒက်စ်လီဂါအဖွင့်ပွဲ ၂ ပွဲမှာ ၅ မှတ်အထိ လျော့ကျခဲ့ပြီးနောက် လေဗာကူဆင်တာဝန်ရှိသူတွေက သည်းခံစိတ်ကုန်ဆုံးခဲ့တာဖြစ်ပါတယ်။ အသက် ၅၅ နှစ်သားဟာ အသင်းရဲ့ရေရှည်အနာဂတ်အတွက် အဆင်မပြေဘူးလောက်ဘူးလို့ ထင်မြင်ခဲ့တာဖြစ်ပါတယ်။ နောက်ကွယ်မှာလည်း တန်ဟက် နဲ့ ဘုတ်အဖွဲ့ကြားမှာ လူသစ်ခေါ်ယူမှု ၊ လူစာရင်းဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး တင်းမာမှုတွေရှိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် တန်ဟက်က ဇာခါကိုထွက်ခွာဖို့လည်း တားဆီးခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့နည်းပြဟန်က ကစားသမားတော်တော်များများ နဲ့ ဝန်ထမ်းတွေကြားထဲမှာ ကင်းကွာစေတာဖြစ်ပါတယ်။ ယူနိုက်တက်မှာ ရုန်းကန်ခဲ့ရပြီးနောက် အခုလေဗာကူဆင်မှာ ထပ်မံရုန်းကန်ခဲ့ရတာကြောင့် ထိပ်တန်းအဆင့်နည်းပြစွမ်းဆောင်ရည်မျိုးရှိတယ်ဆိုတာကို သံသယရှိလာကြပြီဖြစ်ပါတယ်။