
၂ ပွဲသာကိုင်တွယ်ထားရသေးပေမယ့် အထုတ်ခံရဖို့နီးစပ်နေတဲ့ ယူနိုက်တက်နည်းပြဟောင်း
လေဗာကူဆင်အသင်းနည်းပြ တန်ဟက်တစ်ယောက် ရာသီအစ ၂ ပွဲသာကိုင်တွယ်ထားရသေးပေမယ့် အထုတ်ခံရဖို့နီးစပ်နေတယ်လို့ သိရပါတယ်။အသင်းဘက်က လူသိရှင်ကြားထောက်ခံဖို့ ငြင်းဆန်ခဲ့ပြီးနောက် နယ်သာလန်သားကို အတွင်းပိုင်းထဲမှာ ဝေဖန်မှုတွေမြင့်တက်နေတာဖြစ်ပါတယ်။
ယူနိုက်တက်နည်းပြဟောင်းအနေနဲ့ လာမယ့်အပတ်ထဲမှာတင် နည်းပြရာထူးကနေအထုတ်ခံရနိုင်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။ လေဗာကူဆင်အသင်းဟာ တန်ဟက်လက်အောက်မှာ ရာသီအစအခြေနေဆိုးဝါးနေပြီး ဝါဒါဘရီမင်ကို ၃-၃ သရေကျခဲ့ကာ ၁၀ ယောက်တည်းကစားရတဲ့အသင်းကို ၂ ဂိုးအထိ ပေးခဲ့ရတာဖြစ်ပါတယ်။
ကစ်ကာရဲ့အဆိုအရ အသင်းတာဝန်ရှိသူတွေဟာ နယ်သာလန်သားအခြေအနေကို သံသယရှိနေပြီး လာမယ့်အပတ်ထဲမှာ အထုတ်ခံရနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ သတင်းတွေအရ တန်ဟက်ကို အားကစားဒါရိုက်တာ ဆိုင်မွန်အပြင် အသင်းတာဝန်ရှိသူတွေကပါ မထောက်ခံကြဘူးလို့ သိရပါတယ်။ ဝါဒါဘရီမင်ကို သရေမကျခင် ဆိုင်မွန်ဟာ တန်ဟက်ကို ရုပ်သံတစ်ခုမှာ အံ့အားသင့်ဖွယ်မထောက်ခံခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာလည်း လေဗာကူဆင်တာဝန်ရှိသူတွေက သူတို့နည်းပြအနာဂတ်နဲ့ပတ်သက်ပြီး ဘာမှတ်ချက်မှမပေးခဲ့တာဖြစ်ပါတယ်။ လေဗာကူဆင်တာဝန်ရှိသူတွေအနေနဲ့ လာမယ့်တနင်္လာနေ့ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ တန်ဟက်ရာထူးကို ဆုံးဖြတ်မယ်လို့ သိရပါတယ်။ တကယ်လို့ လာမယ့်ပွဲတွေမှာ ရလဒ်ကော စွမ်းဆောင်ရည်ပါမတိုးတက်လာရင် အပြောင်းအလဲပြုလုပ်ဖွယ်ရှိနေပါတယ်။