The network connection is lost.

Banner Image

ဥရောပပြိုင်ပွဲဝင်ခွင့်နဲ့ ဖာဘရီဂတ်ရဲ့အနာဂတ်အတွက် စဉ်းစားပေးနေတဲ့ ကိုမိုအကြီးအကဲလူဒီ

ကိုမိုအားကစားအကြီးအကဲလူဒီက သူတို့ကလပ်အသင်းမှာ ယုံကြည်မှုလွန်ကဲနေသူ တစ်ဦးတစ်လေတောင် မရှိပါဘူးလို့ အတိအလင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကုန်၊ ဂျူဗင်တပ်စ်ကို အနိုင်ရရှိမှုက ကိုမိုအတွက် ယမန်နှစ်ဘောလုံးရာသီ၊ တန်းတက်လာပြီးနောက်ပိုင်း အကြီးမားဆုံးအောင်မြင်မှုတစ်ခုလို့တောင် ဆိုနိုင်ပါတယ်။

Rai Radio 1 နဲ့တွေ့ဆုံချိန် ဥရောပပြိုင်ပွဲဝင်ခွင့်အလားအလာနဲ့ပတ်သက်လို့ လူဒီက “ ဒါဟာ ရည်မှန်းချက်ကြီးမားတဲ့ အသင်းပိုင်ရှင်တစ်ဦးအတွက် အိပ်မက်တစ်ခုသာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ကျွန်တော်တို့က ခြေလှမ်းငယ်လေးတွေကို အကဲဖြတ်ရင်း အလုပ်ကို အပြင်းအထန်ကြိုးစားအားထုတ်နေပါတယ်။

ကျွန်တော်တို့က နေ့စဉ်တိုးတက်မှုအပေါ်မှာပဲ အာရုံစိုက်ခဲ့ပါတယ်။ ဥရောပဝင်ခွင့်ရရှိမယ်ဆိုရင် ကျွန်တော်တို့က ကမ္ဘာပေါ်မှာ အပျော်ဆုံးလူသားတွေ ဖြစ်လာပါလိမ့်မယ်။ တစ်ဖက်မှာလည်း ယမန်နှစ်ထက် ပိုသက်သောင့်သက်သာရှိတဲ့ တန်းဆင်းဇုန်လွတ်ကင်းမှုဖြစ်လာမယ်ဆိုရင်လည်း ဒါက စီးရီးအေလို စိန်ခေါ်မှုရှိတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ပိုပြီးတိုးတက်လာပြီလို့ အဓိပ္ပါယ်ရတာကြောင့် ကျွန်တော်တို့ ကျေနပ်အားရမိပါလိမ့်မယ်”လို့ ပြောပါတယ်။

အလားတူ နည်းပြဖာဘရီဂတ်စ်နဲ့ပတ်သက်လို့ လူဒီက ရာသီကုန်မှာ သူတို့နှစ်ဦးကြား ဆက်ဆံရေးကို ပြန်လည်အကဲဖြတ်သွားရလိမ့်မယ်လို့ ဝန်ခံခဲ့ပါတယ်။ လူဒီက “ ကျွန်တော်တို့နဲ့ ဖာဘရီဂတ်စ်အကြားမှာ အပြန်အလှန်ယုံကြည်မှုအပေါ် အခြေခံထားတဲ့ဆက်ဆံရေးတစ်ခု ရှိပါတယ်။ နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုသာ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်။ သူ့အတွက် ကမ်းလှမ်းမှုတစ်ခုရှိလာမယ်ဆိုရင်လည်း လာမယ့်မေ-ဇွန်လောက်မှာ ကျွန်တော်တို့ ဆုံးဖြတ်ပေးပါမယ်။
အခုတော့ ဖာဘရီဂတ်စ်က ကိုမိုမှာရှိနေရလို့ အလွန်ပျော်ရွှင်နေပါတယ်။ 

ကျွန်တော်တို့အသင်းရဲ့ စီမံကိန်းအပေါ်မှာပဲ သူအာရုံစိုက်ထားမယ်ဆိုတာ ကျွန်တော် အာမခံပါတယ်။ ဒါပြီးရင်တော့ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်”လို့ ဆိုပါတယ်။