The network connection is lost.

Banner Image

လိုပက်ဇ်က ဘာစီလိုနာအတွက် အရေးပါတဲ့ ကစာသမားတစ်ဦးပါလို့ အားပေးစကားဆိုလိုက်တဲ့ နည်းပြ ဇာဗီ

ဘာစီလိုနာနည်းပြဘဝ ဒုတိယမြောက်ဘောလုံးရာသီမှာ လာလီဂါချန်ပီယံဆုကို ဆွတ်ခူးရယူနိုင်ခဲ့သလို ယခုနှစ်မှာ ချန်ပီယံဆုကာကွယ် ရေးအတွက် အားစိုက်ပြင်ဆင် နေတဲ့ ဘာစီလိုနာအသင်းရဲ့ နည်းပြ ဇာဗီက အသက် ၂၀နှစ်အရွယ် လူငယ်ခြေတက် ကစားသမား ဖာမင်လိုပက်ဇ်ကို စာချူပ်သက်တမ်းတိုးမြှင့် ချုပ်ဆိုထားပေမဲ့ ပွဲထွက်ကစားခွင့် မပေးနိုင်တဲ့အပေါ် မှတ်ချက်ပြုစကားဆိုလိုက်တာပဲ ဖြစ်ပါတယ်။

 

ဘာစီလိုနာအသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ အမေရိကန်နိုင်ငံတွင် ခြေစမ်းကစားခဲ့ကြတဲ့ အယ်ကလပ်စီကိုပွဲစဉ်အတွင်း လိုပက်ဇ်အနေဖြင့် ပွဲကစားချိန် ၆၅ မိနစ်တွင် လူဝင်ကစားကာ ဒုတိယမြောက်အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သလို အဆိုပါ ပွဲစဉ်တွင် ဖာရန်တောရက်စ်ရဲ့ သွင်းဂိုးအပါအဝင် ၃ဂိုး - ၀ဂိုး ဖြင့် ခါးသီးပြိုင်ဘက်ကို အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။

 

လိုပက်ဇ်အနေဖြင့် စီနီယာကစားသမားဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ အဓိက ကစားသမား ပက်ဒရီဒဏ်ရာ ရနေချိန်မှာ နည်းပြ ဇာဗီအတွက် အခြားရွေးချယ်စရာ ကစားသမားတစ်ဦးဖြစ်လာခဲ့ပြီး ပွဲထွက်ကစားခွင့်ရလာနိုင်တဲ့အကြောင်း အစောပိုင်းကာလတွင် သုံးသပ်မှုတွေပြုလုပ်ထားကြပေမဲ့ အမှန်တကယ် ပွဲထွက်ကစားခွင့် နည်းပါးနေတာပဲ ဖြစ်ပါတယ်။ ပက်ဒရီ ဒဏ်ရာရနေချိန်တွင် ပွဲထွက်ကစားသမားအဖြစ် အသုံးပြုလာရနိုင်တဲ့ လိုပက်ဇ်ကို ၂၀၂၈ ခုနှစ် ဇွန်လ ၃၀ရက်နေ့အထိ စာချုပ်သက်တမ်းရန် ကစားသမားနဲ့ ကလပ်အသင်းအကြား သဘောတူညီမှုရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

ဘာစီလိုနာအသင်းနဲ့အတူ စာချုပ်သက်တမ်းတိုးမြှင့်ထားတဲ့ လိုပက်ဇ်အနေဖြင့် ယခုနှစ်ဘောလုံးရာသီအတွင်း ချန်ပီယံလိဂ်တွင် ကစားခွင့်ရခဲ့တဲ့ ပွဲကစားချိန် ၃၂ မိနစ်မျှသာ ကတ္တလန်ကလပ်အသင်းအတွက် ပါဝင်ကစားပေးခွင့်ရထားတာ ဖြစ်ပါတယ်။ လိုပက်ဇ်ရဲ့ အနာဂတ်နဲ့ ပက်သက်ပြီး နည်းပြ ဇာဗီက “ကျွန်တော်တို့ ရှားရှားပါးပါးရှာဖွေထားတဲ့ ကစားသမားတွေထဲမှာ လိုပက်ဇ်လည်း တစ်ဦးပါအဝင်ပါ။ သူက ကျွန်တော်တို့အသင်းအတွက် အများကြီး အကူညီပေးနိုင်ပါလိမ့်မယ်။ ပွဲထွက်ကစားသမားစာရင်းအတွက် ထည့်တွက်ရမယ့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးတောင် ဖြစ်လာနိုင်ပါတယ်” လို့ ရှင်းပြ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။