The network connection is lost.

Banner Image

ပိုချက်တီနိုနေရာအတွက် ဂျီရိုနာနည်းပြကို ချိတ်ဆက်နေတဲ့ ချဲလ်ဆီး

သတင်းတွေအရ ချဲလ်ဆီးအသင်းဟာ ပိုချက်တီနိုနေရာမှာ အစားထိုးဖို့ ဂျီရိုနာနည်းပြ မိုက်ကယ်ကို ချိတ်ဆက်နေတယ်လို့ သိရပါတယ်။

ချဲလ်ဆီး အသင်းဟာ တနင်္လာနေ့ ညမှာ နယူးကာဆယ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး အဆိုပါပွဲမတိုင်ခင် အဆင့် ၁၁ နေရာမှာ ရပ်တည်နေကာ အဆင့် ၁၀ နေရာနဲ့ ၄ မှတ်အထိ ကွာဟနေပါတယ်။ အဲ့နောက် ချဲလ်ဆီးဟာ အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ လက်စတာနဲ့ရင်ဆိုင်ရမှာ ဖြစ်ပြီး  နယူးကာဆယ်နဲ့ပွဲကော လက်စတာနဲ့ပွဲပါ အရေးပါနေတာဖြစ်ပါတယ်။

ပရိသတ်တော်တော်များများက နည်းပြ အပြောင်းအလဲအလိုရှိနေပြီး မော်ရင်ဟိုကိုပြန်လည် ခေါ်ယူပေးဖို့ သံပြိုင်သီဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။ အခုချိန်မှာတော့ ချဲလ်ဆီးအသင်း တာဝန်ရှိသူတွေက စတင်လှုပ်ရှားနေပြီး အေအက်စ်သတင်းဌာနကလည်း ချဲလ်ဆီးဟာ ဂျီရိုနာနည်းပြ မိုက်ကယ်ကို ချိတ်ဆက်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

အသက် ၄၈ နှစ်သားဟာ လာလီဂါမြေမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ပြီးခဲ့တဲ့အပတ်တွေကမှ ရီးရဲလ်အသင်းရဲ့နောက်ကိုကျဆင်းခဲ့တာဖြစ်ပါတယ်။ နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲ အရေးနိမ့်မှုနဲ့အတူ ဂျီရိုနာ အသင်းဟာ ၁၀ ပွဲအလိုမှာ ရီးရဲလ်အသင်းနဲ့ ၇ မှတ်အထိ ကွာဟခဲ့ပြီဖြစ်ပါတယ်။

ချန်ပီယံဆုအတွက် မဖြစ်နိုင်တော့ပေမယ့် မိုက်ကယ်ဟာ ဘောလုံးပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားခဲ့ပြီဖြစ်ပါတယ်။ အေအက်စ်သတင်းဌာနရဲ့ အဆိုအရ ချဲလ်ဆီးအသင်းဟာ မိုက်ကယ်ရဲ့အမာခံပရိသတ်ဖြစ်ပြီး ပိုချက်တီနို နေရာအတွက် စဉ်းစားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ပိုချက်တီနိုတစ်ယောက် ရလဒ်တွေကျဆင်းလာမှုနဲ့အတူ အနာဂတ်ကလည်း မသေချာတဲ့အခြေအနေဖြစ်နေပါတယ်။ ဒါပေမယ့်လည်း ဗယ်လီကာနို ကစားသမားဟောင်းဟာ ချဲလ်ဆီးထံ ပြောင်းဖွယ်မရှိပဲ ချန်ပီယံလိဂ်ဝင်ခွင့်ရမယ့် အနေအထားကြောင့် ဂျီရိုနာအသင်းမှာ နောက်တစ်ရာသီဆက်နေချင်နေပါတယ်။

မိုက်ကယ်ကို ချဲလ်ဆီးအသင်းအပြင် နည်းပြလိုအပ်ချက်ရှိနေတဲ့ လီဗာပူးနဲ့ ဘိုင်ယန်တို့ကလည်း စိတ်ဝင်စားနေပါတယ်။ “ကျွန်တော် ဂျီရိုနာနဲ့စာချုပ်သက်တမ်း ရှိနေပါတယ်။ ကျွန်တော် ဒီမှာအဆင်ပြေပါတယ်။ ဒီမှာဆက်နေဖို့လည်း ပြင်ဆင်ထားပါတယ်”လို့ မိုက်ကယ်က အတည်ပြုထားခဲ့ပါတယ်။

အေအက်စ်သတင်းဌာနကတော့ မိုက်ကယ်ဟာ ဂွါဒီယိုလာ နေရာမှာ အစားဝင်ဖို့ စီစဉ်နေတယ်လို့ ဖော်ပြခဲ့ပြီး ဂျီရိုနာဟာ စီးတီးအုပ်စုပိုင်ဆိုင်တာကြောင့် ဖြစ်နိုင်ချေများတယ်လို့ ဖော်ပြခဲ့ပါတယ်။