The network connection is lost.

Banner Image

ပခုံးဒဏ်ရာခွဲစိတ်မှုကြောင့် လပေါင်းများစွာနားရနိုင်တဲ့ ရီးရဲလ်စတား

ရီးရဲလ်စတား ဘယ်လင်ဟမ်တစ်ယောက် အခုအပတ်ထဲမှာ ပခုံးဒဏ်ရာခွဲစိတ်မှာဖြစ်ပြီး လပေါင်းများစွာနားရနိုင်တယ်လို့ သိရပါတယ်။ မေလတုန်းက အဆိုပါဒဏ်ရာအခြေအနေကို ခွဲစိတ်မယ်လို့ အတည်ပြုခဲ့တာဖြစ်ပြီး ကလပ်ကမ္ဘာ့ဖလားအပြီးမှာ လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။ ၂၀၂၃ တုန်းကတည်းက ဘယ်လင်ဟမ်ဟာ အဆိုပါဒဏ်ရာနဲ့ရုန်းကန်ခဲ့ရတာဖြစ်ပြီး ကလပ်အသင်းအတွက်ကော နိုင်ငံအသင်းအတွက်ပါ ကစားပေးချိန်မှာ ပခုံးအကာအကွယ်ဝတ်ဆင်ကစားခဲ့ရပါတယ်။

ခွဲစိတ်မှုတွေက ချန်ပီယံလိဂ် ၊ ယူရို ၂၀၂၄ နဲ့ ကလပ်ကမ္ဘာ့ဖလားတွေကြောင့် နောက်ကျခဲ့ပြီး အခုနွေရာသီမှာတော့ ခွဲစိတ်မှုခံယူရတော့မှာဖြစ်ပါတယ်။ “ကျွန်တော် ပခုံးအကာကို စိတ်ပျက်နေတာကြာပါပြီ။ အခုတော့ ကျွန်တော်လွတ်လွတ်လပ်လပ်ဖြစ်ပါတော့မယ်”လို့ အသက် ၂၂ နှစ်သားက ပြီးခဲ့တဲ့လတုန်းက ပြောကြားခဲ့ပါတယ်။

စပေါ့တ်သတင်းဌာနကတော့ ဘယ်လင်ဟမ်အနေနဲ့ ခွဲစိတ်မှုခံယူပြီးရင် အောက်တိုဘာလလယ်လောက်အထိ နားရနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ တကယ်လို့ ခွဲစိတ်မှုတွေက အဆင်ပြေခဲ့တယ်ဆိုရင် ၃ လလောက်အချိန်ယူရနိုင်ပြီး အများဆုံး ၄ လလောက်အထိ ဖြစ်လာနိုင်ချေရှိနေပါတယ်။

ဆိုလိုတာက ဘယ်လင်ဟမ်အနေနဲ့ အနည်းဆုံးနိုဝင်ဘာလောက်အထိ နားရနိုင်တယ်လို့ သိရပါတယ်။ အင်္ဂလန်သားဟာ လာလီဂါ ၈ ပွဲ ၊ ချန်ပီယံလိဂ် ၂ ပွဲ နဲ့ နိုင်ငံအသင်းပွဲစဉ် ၂ ပွဲလောက်အထိ လွဲချော်နိုင်တာဖြစ်ပါတယ်။ ကနဦးခွဲစိတ်မှုအရ ဘယ်လင်ဟမ်အနေနဲ့ ပခုံးအခြေအနေအတွက် ၁ လလောက်နားရနိုင်ပြီး သူ့လက်မောင်းအတွက်တော့ ပြန်လည်ကုသမှုအချိန်ယူရမှာဖြစ်ပါတယ်။