
FFP ပြဿနာများရှိသော်လည်း အဓိကခံစစ်မှူးကို မဆုံးရှုံးနိုင်ဘူးလို့ ယုံကြည်နေတဲ့ ဘာစီလိုနာ
ဘာစီလိုနာဟာ မကြာသေးမီက ရက်သတ္တပတ်များအတွင်း အလုပ်များစွာလုပ်ဆောင်ခဲ့ပြီး အရူဂျို၊ ပက်ဒရီ၊ ဂါဗီ နှင့် ကူဘာဆီ တို့နှင့် စာချုပ်သစ်များအတွက် သဘောတူညီမှုရရှိခဲ့ပါတယ်။ အားကစားဒါရိုက်တာ ဒေကိုဟာ လာမယ့်ရက်သတ္တပတ်များအတွင်း ကစားသမားများကို စာချုပ်သက်တမ်းတိုးရန် အစီအစဉ်များ ရှိနေပြီး မာတီနက်ဇ် နှင့်လည်း ပြောဆိုဆွေးနွေးမှာဖြစ်ပါတယ်။
ဘာစီလိုနာဟာ လက်ရှိရာသီတွင် ဝါရင့်ခံစစ်မှူးရဲ့ စွမ်းဆောင်ရည်များကို အလွန်ကျေနပ်ခဲ့ပါတယ်။ သူဟာ ကူဘာဆီ နှင့် ရာသီအစောပိုင်းတွင် အလွန်ကောင်းတဲ့ ပူးပေါင်းမှုတစ်ခု တည်ဆောက်နိုင်ခဲ့ပြီး ဇန်နဝါရီလတွင် စပိန်စူပါဖလားဗိုလ်လုပွဲအတွင်း ကြွက်သားဒဏ်ရာရခဲ့တဲ့အခါမှသာ ထိုပူးပေါင်းမှုက အဆက်ပြက်ခဲ့တာပါ။
ဘာစီလိုနာဟာ မာတီနက်ဇ် အား စာချုပ်သက်တမ်းတိုးရန် လွန်ခဲ့တဲ့ရက်သတ္တပတ်များစွာကတည်းက ဆုံးဖြတ်ခဲ့ပြီး အလိုအလျောက် တစ်နှစ်တိုးမြှင့်မှုကို ဖြစ်စေမယ့် ပွဲစဉ်အရေအတွက်ကို မရောက်မီကတည်းက ထိုအခြေအနေကို ဖြေရှင်းရန် ကလပ်က လိုလားခဲ့ပါတယ်။ သို့သော်လည်း ပြီးဆုံးမှုတော့ မရှိသေးပါပေ။ ထိုအရာဟာ FFP စည်းမျဉ်းများကြောင့်သာ ဖြစ်ပါတယ်။
အရူဂျို၊ ပက်ဒရီ နှင့် အခြားသူများရဲ့ စာချုပ်သစ်များကြောင့် ဘာစီလိုနာတွင် မာတီနက်ဇ်ရဲ့ စာချုပ်သစ်ကို မှတ်ပုံတင်ရန် လိုအပ်တဲ့ လစာနေရာလွတ် မရှိနေတာပါ။ သူ့ရဲ့လက်ရှိစာချုပ်တွင် အလိုအလျောက်တိုးမြှင့်မှုကို ဖြစ်စေရန် စောင့်ဆိုင်းပါကလည်း အခြေအနေက အတူတူပင်ဖြစ်မှာပါ။ ထိုအရာကြောင့် အသက် ၃၃ နှစ်ရှိ မာတီနက်ဇ်ဟာ ရာသီကုန်ပါက အသင်းကနေ ထွက်ခွာနိုင်တယ်လို့ ထင်မြင်စေခဲ့ပါတယ်။
သို့သော်လည်း MD ရဲ့ဖော်ပြချက်အရ မာတီနက်ဇ်ဟာ အလွတ်ဖြင့်ထွက်ခွာရန် အန္တရာယ်မရှိဘူးလို့ သိရပါတယ်။ အဘယ်ကြောင့်ဆိုသော် လာလီဂါရဲ့ ပယ်ချမှုဟာ နွေရာသီမတိုင်မီ အသက်ဝင်မည်မဟုတ်ဘဲ ထိုအချိန်တွင် ဘာစီလိုနာတွင် သူ့ကို မှတ်ပုံတင်ရန် လိုအပ်တဲ့ လစာနေရာလွတ် ရှိလာမှာဖြစ်ပါတယ်။
ဘာစီလိုနာဟာ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း အနည်းဆုံး ဗဟိုခံစစ်မှူးတစ်ဦးနှင့် လမ်းခွဲရန် မျှော်လင့်ထားပါတယ်။ အဘယ်ကြောင့်ဆိုသော် ဂျွန်နသန်တာ ဟာ လေဗာကူဆင် နှင့် စာချုပ်ကုန်ဆုံးပြီးနောက် ရောက်လာရန် သေချာနေတာကြောင့် ဖြစ်ပါတယ်။ သို့သော် မာတီနက်ဇ်ကတော့ အသင်းကနေ ထွက်ခွာမယ့် စာရင်းထဲတွင် မပါဝင်ပါဘူး။ ခရစ္စတီယန်ဆန် နှင့် ဂါစီယာ တို့ကသာ အဓိကထွက်ခွာမယ့် စာရင်းတွင် ပါဝင်နေပါတယ်။