The network connection is lost.

Banner Image

နည်းပြ ဖလစ်ကို စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်လာတဲ့ ဘာစီလိုနာ

သတင်းတွေအရ ဘာစီလိုနာအသင်းဟာ လက်ရှိနည်းပြ ဖလစ်ကို စာချုပ်သက်တမ်းတိုးဖို့ အေးဂျင့်ဖြစ်သူ ပီနီနဲ့ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဘာစီလိုနာဟာ လက်ရှိရာသီဖလစ်လက်အောက်မှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေတာဖြစ်ပါတယ်။ ဇာဗီနေရာကို အစားဝင်လာခဲ့တဲ့ဖလစ်ဟာ ဘာစီလိုနာကို လမ်းကြောင်းမှန်ပေါ်ပို့ဆောင်ပေးနိုင်ခဲ့ပြီး လာလီဂါချန်ပီယံဆုအပြင် ကိုပါဒယ်ရေးဖိုင်နယ် နဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တက်ရောက်နိုင်ဖို့ အလားအလာများနေပါတယ်။

စပိန်သတင်းဌာန စပေါ့တ်ကတော့ ဘာစီလိုနာတာဝန်ရှိသူတွေဟာ ဖလစ်ရဲ့အေးဂျင့်ဖြစ်သူ ပီနီနဲ့ စတင်တွေ့ဆုံကာ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဖလစ်ဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ဘာစီလိုနာကိုပြောင်းလာခဲ့တာဖြစ်ပြီး စာချုပ်သက်တမ်းက ၂၀၂၆ အထိ ချုပ်ဆိုထားခဲ့ပါတယ်။

ဒါပေမယ့်လည်း ဘာစီလိုနာဘက်က ဖလစ်ကို ကာလရှည်စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ဖလစ်ရဲ့ဘာစီလိုနာအသင်းဟာ လက်ရှိအမှတ်ပေးဇယားမှာ ရီးရဲလ်ကို ၄ မှတ်ဖြတ်ထားနိုင်ခဲ့သလို လာမယ့်တနင်္ဂနွေနေ့မှာ လီဂါနက်စ်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။