ဇန်နဝါရီအပြောင်းအရွှေ့မှာ ထွက်ခွာနိုင်တဲ့ အလားအလာနှင့်ပတ်သက်ပြီး ပြောကြားလိုက်တဲ့ ဘာစီလိုနာနည်းပြ
ဘာစီလိုနာအသင်းဟာ လစာကန့်သတ်ချက်ပြဿနာများကြောင့် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် ကစားသမားသစ်ခေါ်ယူနိုင်ဖွယ်မရှိပါဘူး။ သို့သော်လည်း ဟန်ဆီဖလစ်ခ်ရဲ့အသင်းထံကနေ ပိုလျှံနေတဲ့ ကစားသမားအချို့ကို ခေါ်ယူရန် စိတ်ဝင်စားနေတဲ့ အသင်းများရှိနေပါတယ်။
ဂျီရိုနာဟာ ပြီးခဲ့တဲ့ရာသီက အသင်းမှာ အောင်မြင်တဲ့ အငှားခေါ်ယူမှုဖြစ်တဲ့ အဲရစ်ဂါစီယာကို ခေါ်ယူရန် စိတ်အားထက်သန်နေကြောင်း လျှို့ဝှက်ထားခြင်းမရှိဘဲ ပြီးခဲ့တဲ့နွေရာသီတုန်းက သူ့ကို ခေါ်ယူရန် ကြိုးပမ်းခဲ့တာလည်းဖြစ်ပါတယ်။ ဂါစီယာက ဘာစီလိုနာတွင် အခွင့်အရေးနည်းပါးတာကြောင့် ယခုဆောင်းရာသီတွင် အပြောင်းအရွှေ့နှင့်ပတ်သက်ပြီး ဆွေးနွေးမှုများရှိနေပါတယ်။
လာမယ့်ရက်သတ္တပတ်များအတွင်း ဂါစီယာဟာ အသင်းမှ ထွက်ခွာရန် ရည်ရွယ်ချက်ရှိမရှိကို သိရှိပါသလားဟု မေးမြန်းခဲ့ရာတွင် အသက် ၂၃ နှစ်အရွယ် ကစားသမားကတော့ သူ့ရဲ့အမြင်မှာ အသင်းအတွက်အသုံးဝင်တဲ့ ကစားသမားအဖြစ် ဆက်လက်ရှိနေကြောင်း ဂျာမန်သား နည်းပြက ရှင်းပြခဲ့ပါတယ်။
"ကျွန်တော်ကတော့ အဲ့ဒီလိုမထင်ပါဘူး။ ကျွန်တော်တို့အတွက်ကတော့ သူက ကစားသမားကောင်းတစ်ယောက်ပါ။ ပြီးခဲ့တဲ့ရာသီကုန်မှာ ဒဏ်ရာပြဿနာတော့ရှိခဲ့ပါတယ်။ သူက ဉာဏ်ရည်ထက်မြက်တဲ့ ကစားသမားဖြစ်ပြီး မတူညီတဲ့ အနေအထားတွေမှာ ကစားနိုင်ကာ ထွက်ခွာဖို့နဲ့ပတ်သက်ပြီး ကျွန်တော်တို့ မတွေးထားပါဘူး" လို့ ဖလစ်ခ်က ပြောပါတယ်။
ဒန်နီအိုလ်မို နှင့် ပါအူဗစ်တာ တို့ကို စာရင်းသွင်းပြီးသည်တစ်ပြိုက်နက် သတင်းစာရှင်းလင်းပွဲတွင် အသင်းဥက္ကဌ လာပေါ်တာ ရောက်ရှိလာမှာဖြစ်ပါတယ်။ ကလပ်အကတော့ သူတို့တွေ အသင်းမှာ ဆက်ရှိဖို့အတွက် လုပ်ဆောင်မှာပါ။ ဂါစီယာဟာ ယခုရာသီတွင် ဘာစီလိုနာအတွက် ၁၃ ပွဲကစားထားသော်လည်း ပြီးခဲ့တဲ့ ၃ လတွင် ၁ ကြိမ်သာ စတင်ပွဲထွက်ကစားခဲ့ပါတဘ်။ ဖလစ်ခ်က သူ့အား ဗဟိုခံစစ်နေရာထက် ကွင်းလယ်တွင် အသုံးပြုရန် ရွေးချယ်လေ့ရှိပါတယ်။ အရူဂျို နှင့် ခရစ္စတီယန်ဆန်တို့ ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာချိန်တွင် ဂါစီယာရဲ့ ပွဲထွက်ခွင့်များက ပိုမိုလျော့နည်းလာမလားလို့ လူအများက တွေးတောခဲ့ကြပါတယ်။