The network connection is lost.

Banner Image

ကစားသမားဟောင်းရဲ့တရားစွဲဆိုခြင်းခံထားရတဲ့ ယူနိုက်တက်

ဆေးကုသခြင်းဆိုင်ရာပေါ့ဆမှုကြောင့် ယူနိုက်တက်ကို ကစားသမားဟောင်း တွမ်ဇီဘီက တရားစွဲထားတယ်လို့ သိရပါတယ်။ တွမ်ဇီဘီဟာ ယူနိုက်တက်အကယ်ဒမီကနေထွက်ပေါ်လာခဲ့တာဖြစ်ပြီး အသက် ၈ နှစ်အရွယ်မှာ အသင်းထံရောက်လာခဲ့ကာ လူငယ်အဆင့်ကနေ ၂၀၁၇ ဇန်နဝါရီမှာ စီနီယာကစားသမားဘဝပထမဆုံးပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။

ဒါ့အပြင်အသင်းတွက် ၃၇ ပွဲအထိ ပါဝင်ကစားပေးထားခဲ့ကာ ပွဲထွက်ခွင့်မိနစ်ပိုရချင်တာကြောင့် ဗီလာ ၊ နာပိုလီ ၊ စတုတ်စတဲ့အသင်းတွေမှာ အငှားထွက်ကစားခဲ့ပါတယ်။ ဒါပေမယ့်လည်း ကြံ့ခိုင်မှုအခြေအနေက ဆိုးဝါးခဲ့တာကြောင့် ရုန်းကန်ခဲ့ရပါတယ်။ တယ်လီဂရက်ဖ်သတင်းဌာနကတော့ တွမ်ဇီဘီဟာ ယူနိုက်တက်ရဲ့ဆေးကုသခြင်းဆိုင်ရာ ပေါ့ဆမှုကြောင့် အထက်တရားရုံးမှာ တရားစွဲဆိုထားတာဖြစ်ပါတယ်။

အသက် ၂၇ နှစ်သားရဲ့ရှေ့နေတွေကတော့ အဆိုပါအမှုနဲ့ပတ်သက်ပြီး မှတ်ချက်ပြုဖို့ ငြင်းဆန်ထားပါတယ်။ တွမ်ဇီဘီဟာ ၂၀၂၃ တုန်းက အစ်ဝှစ်အသင်းထံပြောင်းရွှေ့ခဲ့ပြီး ဦးစားပေးညာနောက်ခံလူဖြစ်လာခဲ့ကာ အသင်းကို ပရီးမီးယားလိဂ်ထံတန်းတက်နိုင်အောင် ကူညီပေးခဲ့ပါတယ်။ အဲ့နောက် အစ်ဝှစ်တန်းပြန်ဆင်းချိန်မှာတော့ အလွတ်နဲ့ရမယ့်ကစားသမားဖြစ်လာခဲ့ပြီး ဘန်လေအသင်းကိုပြောင်းဖို့ ချိတ်ဆက်နေပါတယ်။

တွမ်ဇီဘီရဲ့ဒဏ်ရာပြဿနာက ၂၀၁၉ အောက်တိုဘာတုန်းက လီဗာပူးအသင်းနဲ့ပွဲမတိုင်ခင် စတင်ခဲ့တာဖြစ်ပြီး အဲ့နောက် ကိုလ်ချက်စတာနဲ့ကာရာဘောင်ပွဲမှာ ဒဏ်ရာရခဲ့ပြီးနောက် လက်ကျန်တစ်ရာသီလုံးကို နားခဲ့ရပါတယ်။ အဲ့နောက်တစ်ရာသီမှာလည်း ခြေထောက်ဒဏ်ရာကြောင့် ဆက်လက်အနားယူခဲ့ရပြီး အစ်ဝှစ်ထံပြောင်းချိန်မှာ ကံကောင်းခဲ့ပေမယ့် ၂၀၂၄ အောက်တိုဘာမှာ အဆိုပါဒဏ်ရာပြန်ရခဲ့ပြီး ခွဲစိတ်မှုခံယူခဲ့ရပါတယ်။