The network connection is lost.

Banner Image

မာဆေးလ်ထံပြောင်းရွှေ့ဖို့ ကြန့်ကြာနေတာနဲ့ပတ်သက်ပြီး စိတ်ပျက်နေတဲ့ အာဆင်နယ်စတားဟောင်း

ဆော်ဒီကလပ် ကွာဒါဆီယာအသင်းတိုက်စစ်မှူး အူဘာမီယန်းတစ်ယောက် မာဆေးလ်ထံပြောင်းရွှေ့ဖို့ ကြန့်ကြာနေတာနဲ့ပတ်သက်ပြီး သူ့ရဲ့စိတ်ပျက်မှုကို လူမှုမီဒီယာမှာတင်ခဲ့ပါတယ်။ ဆော်ဒီမြေမှာ ၁ ရာသီကြာဖြတ်သန်းခဲ့ပြီးနောက် အူဘာမီယန်းဟာ မာဆေးလ်အသင်းထံ အံ့အားသင့်ဖွယ်ပြန်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အပြောင်းအရွှေ့က ကြန့်ကြာနေတာဖြစ်ပြီး အဆိုပါအခြေအနေကို စိတ်ပျက်နေပါတယ်။ အဲ့နောက် အင်စတာဂရမ်မှာ “POV: ကျွန်တော့်ကိုဘောလုံးပေးကန်ပါတော့ ပျင်းနေပြီ”ဆိုပြီး တင်ခဲ့ပါတယ်။ အူဘာမီယန်းဟာ မာဆေးလ်အသင်းတိုက်စစ်ကို ပိုထက်မြက်လာစေမှာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက မာဆေးလ်အသင်းဟာ ပီအက်စ်ဂျီရဲ့နောက် ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်လည်းရခဲ့ပါတယ်။

အသက် ၃၆ နှစ်သားဟာ ဆော်ဒီကလပ် ကွာဒါဆီရာအသင်းမှာ ၁ ရာသီကစားခဲ့ပြီး လိဂ်ပွဲ ၃၂ ပွဲမှာ ၁၇ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အဲ့မတိုင်ခင် မာဆေးလ်အသင်းမှာကစားခဲ့တုန်းက လိဂ်ပွဲ ၅၁ ပွဲမှာ ၃၀ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ အူဘာမီယန်းကတော့ မာဆေးလ်အသင်းထံ အမြန်ပြန်ချင်နေပြီး ဒီဇာဘီရဲ့အသင်းဟာ ပြီးခဲ့တဲ့ခြေစမ်းပွဲမှာ နယ်သာလန်ကလပ် Excelsior အသင်းကို ၅ ဂိုးပြတ်နဲ့အနိုင်ယူနိုင်ခဲ့ကာ လာမယ့်တနလာၤနေ့မှာ OC Charleroi အသင်းနဲ့ ထပ်မံခြေစမ်းမှာဖြစ်ပါတယ်။