အာဆင်နယ်ကြယ်ပွင့်ဆာကာက စလိုဗေးနီးယားနှင့်ပွဲတွင် အနားယူရမယ်လို့ အခိုင်အမာပြောကြားလိုက်တဲ့ အက်ရှ်လေကိုးလ်
အက်ရှ်လေကိုးလ်က ဖီးလ်ဖိုဒန်ကို ညာဘက်ခြမ်းမှာ ခြေစွမ်းပြစေချင်တာကြောင့် ပွဲထွက်စာရင်းမှာ ဆောက်ဂိတ်အနေနဲ့ ဆာကာကို အနားပေးဖို့လုပ်ဆောင်စေချင်နေတာဖြစ်ပါတယ်။
ဖီးလ်ဖိုဒန်ကို ညာဖက်ပြောင်းထားပြီး နယူးကာဆယ်က အန်တိုနီဂေါ်ဒွန်ကို ဘယ်ဘက်အခြမ်းမှာ ထားကစားဖို့ ခြင်္သေ့သုံးကောင်နည်းပြကို အာဆင်နယ်နဲ့ ချဲလ်ဆီးနောက်ခံလူဟောင်းက အကြံပေးခဲ့ပါတယ်။ ၂၀၂၃-၂၄ ရာသီတွင် မန်စီးတီးရဲ့ တစ်ရာသီစာအကောင်းဆုံး ကစားသမားအဖြစ်ခဲ့တဲ့ ဖိုဒန်က လက်ရှိ ယူရို ၂၀၂၄ တွင် မျှော်လင့်ထားတဲ့အတိုင်း ခြေစွမ်မပြနိုင်နေတာဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ ညာခြမ်းနှင့် နံပါတ် ၁၀ ကစားရာတွင်သာ ကစားလေ့ရှိနေတာကြောင့် ဘယ်ဘက်ခြမ်းမှာ ကောင်းကောင်းကစားနိုင်မှာမဟုတ်ဘူးလို့ ဝေဖန်သူတော်တော်များများက ထောက်ပြထားပါတယ်။ ဆောက်ဂိတ်က မန်စီးတီးတိုက်စစ်မှူးရဲ့နေရာကို ပြောင်းဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ဆာကာကို အရန်ခုံမှာ ထားပေးရမှာဖြစ်ပါတယ်။
သို့သော်လည်း ဂန်းနားကြယ်ပွင့်ဟာ လိုအပ်နေတဲ့ အနားယူခွင့်ကို အသုံးချနိုင်မယ်လို့ ကိုးလ်က ယုံကြည်နေပါတယ်။ ဆာကာဟာ အင်္ဂလန်ရဲ့ အဖွင့်ပွဲစဉ်အဖြစ် ဆားဘီးယားနှင့်ပွဲတွင် ဘယ်လင်ဂမ် သွင်းယူခဲ့တဲ့ဂိုးတွင် အရေးပါတဲ့နေရာက ပါဝင်ခဲ့တာဖြစ်ပါတယ်။
beIN Sports သို့ အင်္ဂလန်လက်ရွေးစင်ဟောင်းက "အန်တိုနီဂေါ်ဒွန်ကို ဘယ်အခြမ်းကနေ ကစားကြည့်စေချင်ပြီး ဖိုဒန်ကို ညာအခြမ်းမှာ ကစားတာကို မြင်ချင်ပါတယ်။ ဆာကာကိုတော့ အနားယူစေချင်ပါတယ်။ နောက်ပြီး သူက ဘယ်လောက်ကောင်းကြောင်း ကမ္ဘာကြီးကို ဖိုဒန်အား ပြသစေချင်ပါတယ်" "ပုံမှန်နေရာမဟုတ်တဲ့နေရာမှာကစားနေရပြီး မတရားဝေဖန်ခံရတယ်လို့ ကျွန်တော်ခံစားရပါတယ်။ သူဟာ ကမ္ဘာ့အဆင့်မီကစားသမားဖြစ်ပြီး လိုက်လျောညီထွေဖြစ်အောင်နေသင့်တယ်။ မျှတတဲ့အချက်ကို ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် မန်စီးတီးအတွက် သူကစားနေသလိုမျိုး ဒီမှာလည်း ကစားတာကို ကျွန်တော်မြင်တွေ့ချင်ပါတယ်"လို့ ပြောပါတယ်။
ဆောက်ဂိတ်ရဲ့အသင်းသားတွေဟာ အင်္ဂါနေ့ ဆလိုဗေးနီးယားနှင့် ပွဲမှာ အနိုင်သုံးမှတ်ရယူကာ အုပ်စုဗိုလ်အဖြစ် ၁၆ သင်းအဆင့်သို့ တက်လှမ်းနိုင်ရန် မျှော်မှန်းထားတာဖြစ်ပါတယ်။