The network connection is lost.

Banner Image

နယူးကာဆယ်နဲ့ပွဲမှာ ဂိုးပေါက်ပျောက်ခဲ့ပြီးနောက် အရှက်ရဖွယ် ဆင်ခြေတစ်ခုပေးလိုက်တဲ့ အာတီတာ

အာဆင်နယ်အသင်းနည်းပြ အာတီတာက နယူးကာဆယ်ကိုကာရာဘောင်ဖလားဆီမီးဖိုင်နယ်ပထမအကျော့မှာ ၂-၀ နဲ့အရေးနိမ့်ခဲ့ပြီးနောက် ဂိုးပေါက်ပျောက်ခဲ့တာနဲ့ပတ်သက်ပြီး အရှက်ရဖွယ်ဆင်ခြေတစ်ခုပေးလိုက်ပါတယ်။ ဘရိုက်တန်ကို သရေကျခဲ့ပြီးနောက် အာဆင်နယ်ဟာ နယူးကာဆယ်နဲ့ပွဲမှာလည်း အခွင့်အရေးတွေမဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်တိုက်စစ်ကို ကိုင်ဟာဗက်ဇ်က ဦးဆောင်လာခဲ့ပြီး မာတီနယ်လီ နဲ့ ဟာဗက်ဇ်တို့အခွင့်အရေးရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါလွဲချော်မှုတွေနဲ့ပတ်သက်ပြီး အာတီတာက တိုက်စစ်မှာ အဆုံးသတ်သေချာသင့်တယ်လို့ ပြောကြားလိုက်ပါတယ်။ အာတီတာရဲ့အသင်းဟာ မိနစ် ၉၀ လုံးမှာ ဂိုးရနိုင်ချေ ၃.၇၆% အထိရှိခဲ့ပေမယ့် ဂိုးပေါက်ရှာမတွေ့ခဲ့ပဲ နယူးကာဆယ်ကသာ အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်အတွက်ဂိုးတွေကို အာဆင်နယ်ပစ်မှတ်ထားနေတဲ့ အီဆက် နဲ့ ဂေါ်ဒွန်တို့က သွင်းယူပေးခဲ့ပြီး ဒုတိယအကျော့အတွက် အခြေအနေကောင်းသွားခဲ့ပြီဖြစ်ပါတယ်။ “ကျွန်တော်တို့ ဘောလုံးတွေကို ဂိုးဘားပေါ်ပဲကန်နေခဲ့ပါတယ်။ အဲ့တာက လှည့်ဖျားမှုပါ။ ဒီဘောလုံးတွေက အမြင့်ကြီးကိုပျံနေပါတယ်။ ပရီးမီယားလိဂ်ဘောလုံးတွေနဲ့ ခြားနားနေပါတယ်။

ကျွန်တော်တို့ အဲ့တာကိုအဆင်ပြေအောင် လုပ်ရပါတယ်။ မတူညီတာတွေဖြစ်နေပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။ အာဆင်နယ်ကို အဝေးကွင်းမှာအနိုင်ရခဲ့ပေမယ့် ဟိုဝီက လာမယ့်လအိမ်ကွင်းမှာ သတိထားရမယ်လို့ တိုက်တွန်းခဲ့ပါတယ်။ “ဒီနေ့မှာ ကျွန်တော်တို့ နောက်ထပ်ကြီးမားတဲ့ခြေလှမ်းတစ်ရပ်လှမ်းနိုင်ခဲ့ပါတယ်။ အဝေးကွင်းမှာ အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ယုံကြည်မှုအပြည့်နဲ့ ကစားခဲ့ပါတယ်။

ဒါပေမယ့် အခုမှပထမအကျော့ပဲရှိနေပါသေးတယ်။ ကျွန်တော်တို့အိမ်ကွင်းမှာ ခက်ခဲနိုင်ပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ မောပန်းလာခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ ခံစစ်ကို သေချာလေးထိန်းချုပ်နိုင်ခဲ့ပြီး အာဆင်နယ်တိုက်စစ်ကို ဟန့်တားနိုင်ခဲ့ပါတယ်”လို့ ဟိုဝီက ပြောကြားခဲ့ပါတယ်။