The network connection is lost.

Banner Image

ဘာစီလိုနာရဲ့လာဘ်ပေးလာဘ်ယူကိစ္စကို စိုးရိမ်မိတယ်လို့ ဝန်ခံပြောကြားလိုက်တဲ့ အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက ဘာစီလိုနာအသင်းရဲ့ လာဘ်ပေးလာဘ်ယူကိစ္စအတွက် စိုးရိမ်မိတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ နီဂရီရာဟာ ဘာစီလိုနာထံကနေ ၂၀၀၁ ကနေ ၂၀၁၈ အတွင်း ယူရို ၇ သန်းရရှိခဲ့တယ်လို့ သိရပြီး ဘာစီလိုနာက လာဘ်ပေးလာဘ်ယူလုပ်ခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။

“ကျွန်တော် ဘောလုံးရပ်ဝန်းမှာ အခုလိုမျိုးပြင်းထန်တဲ့ခေါင်းစဉ်နဲ့ဖြစ်ပျက်နေတာတွေကို စိုးရိမ်မိပါတယ်။ ဒါပေမယ့် တရားမျှတမှုက အလုပ်လုပ်ပါလိမ့်မယ်။ ဒီလိုကိစ္စမှာ တရားမျှတမှုဖြစ်ဖို့ပဲ မျှော်လင့်ရမှာပါ။ ကျွန်တော်ဘောလုံးရပ်ဝန်းမှာ နှစ်ပေါင်း ၄၀ ကြာနေခဲ့တာပါ။ ဒီလိုအခြေအနေတွေက ဖြစ်ပျက်တတ်ပါတယ်။ လူတိုင်းက စိုးရိမ်နေကြပါတယ်။ မကြာခင်မှာ အဲ့တာအတွက် အဖြေတစ်ခုရလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်”လို့ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာနည်းပြ ဇာဗီကတော့ ကြာသပတေးနေ့တုန်းက မိမိတို့အသင်းဟာ ကွင်းလယ်ဒိုင်တွေရဲ့ မျက်နှာသာပေးခြင်းမခံရဘူးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ စနေနေ့မှာ ဂျီရိုနာအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး နောက်ခံလူ ရူဒီဂါရဲ့အခြေအနေက အဆင်မပြေတယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ ကောင်းကောင်းလုပ်ဖို့ လိုအပ်သလို ပြီးပြည့်စုံတဲ့ပွဲဖြစ်အောင်ကစားဖို့ လိုအပ်ပါတယ်။ အသင်းအခြေအနေကို တိုက်စစ်နဲ့ ခံစစ်မျှတအောင်လုပ်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ဆီမှာ ဘောလုံးရှိနေချိန်မှာလည်း အရည်အချင်းကောင်းပြသနိုင်ဖို့ လိုအပ်ပါတယ်”လို့ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။

လက်စ်ပါးမက်စ်အသင်းနဲ့ပွဲမှာ ဒဏ်ရာကနေပြန်လာပြီး လူစားဝင်ခဲ့တဲ့ ဗင်နီဆီးယက်စ်တစ်ယောက်လည်း ဂျီရိုနာနဲ့ပွဲမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။

ဂျီရိုနာအသင်းကို တောင်ပံကစားသမား ဆာဗင်ဟိုက ကူညီပေးနေတာဖြစ်ပြီး အန်ဆယ်လော့တီက “သူက ငယ်ရွယ်ပြီး စွမ်းဆောင်ရည်ကောင်းတွေပြသနေပါတယ်။ သူ့မှာအရည်အချင်းကောင်းတွေအများကြီးရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာလည်း ဘယ်ကစားသမားကိုမဆို တားဆီးနိုင်တဲ့အရည်အချင်းရှိပါတယ်”လို့ အန်ဆယ်လော့တီက ထပ်လောင်းပြောကြားခဲ့ပါတယ်။