The network connection is lost.

Banner Image

ကူညာနှင့် အမ်ဘိုမိုတို့အပေါ် အာမက်ရဲ့ သဘောထား

အာမက်ဟာ ယူနိုက်တက် ရဲ့ လိဒ်စ်ယူနိုက်တက်နဲ့ ရာသီကြို ခြေစမ်းပွဲဖြစ်တဲ့ စတော့ဟုမ်းမှာ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲ အပြီးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။သူက "သူတို့ ကျွန်တော်တို့ကို စိတ်ရှည်ပေးရမယ်လို့ ထင်ပါတယ်" "နည်းပြအသစ်၊ ကစားသမားအသစ်တွေနဲ့ နည်းစနစ်အသစ်တွေ ရှိပါတယ်။ ပြီးခဲ့တဲ့ရာသီက အသင်းအတွက် သိပ်မကောင်းခဲ့ဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ ဒီရာသီမှာ ရူဘင် အမ်မိုရင် နဲ့အတူ ပွဲအများကြီးနိုင်မယ်လို့ ထင်ပါတယ်။ ရာသီကုန်မှာ ကောင်းမွန်တဲ့အရာတွေ အများကြီး ရရှိမယ်လို့လည်း မျှော်လင့်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

အသင်းဖော်အသစ် ကူညာ အကြောင်းကို အာမက်က ထပ်လောင်းပြောကြားရာတွင် "သူက ကောင်းတဲ့ကစားသမားပါ။ အသင်းမှာ ကောင်းတဲ့ကစားသမားတွေ လိုအပ်ပြီး သူက အသင်းကို အများကြီး ပံ့ပိုးပေးပါလိမ့်မယ်" "သူက ကျွန်တော်တို့ကို မတူညီတဲ့အရာတွေ ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ရာသီက ဂိုးဧရိယာအတွင်းမှာ ကောင်းတဲ့ကစားသမားတွေ ကျွန်တော်တို့ ဆုံးရှုံးခဲ့ရပါတယ်။ ကူညာ က ပြီးခဲ့တဲ့ရာသီက ဂိုးတွေအများကြီး သွင်းခဲ့တာဆိုတော့ သူ့အတွက် အကောင်းဆုံးဖြစ်ပါစေလို့ပဲ ဆုတောင်းပေးပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

အာမက်ကို ဘရန့်ဖို့ဒ် ကနေ ရောက်ရှိလာမယ့် ဘရိုင်ယန် အမ်ဘိုမို အကြောင်းလည်း မေးမြန်းခဲ့ပါတယ်။ သူက "ဟုတ်တာပေါ့၊ သူ့နဲ့ ကစားဖို့ စိတ်လှုပ်ရှားနေပါတယ်။ပြိုင်ဘက်ရဲ့ဂိုးဧရိယာအတွင်း တစ်ခုခု ပံ့ပိုးပေးနိုင်မယ့် ကောင်းတဲ့ကစားသမားတွေ အသင်းမှာ လိုအပ်ပါတယ်" "သူတို့ အသင်းမှာ ရှိနေတာကို တကယ်ကို စိတ်လှုပ်ရှားပါတယ်။ ရာသီကုန်မှာ ပရိသတ်တွေအတွက် တစ်ခုခု ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်၊ ဘာလို့လဲဆိုတော့ သူတို့ ဒါကို ထိုက်တန်လို့ပါ" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။