The network connection is lost.

Banner Image

လိုက်ပ်ဇစ်နဲ့ပွဲမှာ သရေကျခဲ့ပေမယ် ဖလော်ရီယန်ဝစ်ဇ်ကို ချီးကျူးလိုက်တဲ့ အလွန်ဆို

စနေနေ့ကပွဲမှာ လိုက်ပ်ဇစ်နှင့် ၂-၂ ဂိုး သရေကျခဲ့သော်လည်း ဖလော်ရီယန်ဝစ်ဇ်ကို နည်းပြ ဇာဗီအလွန်ဆိုက ကမ္ဘာ့အဆင့်ကစားသမားဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ရက်ဘူးအာရန်နာမှာ ဘွန်ဒက်စ်လီဂါချန်ပီယံတွေဟာ ရှဟစ်နှင့် ဂါစီယာတို့ရဲ့ ဂိုးတွေကြောင့် ၂ ဂိုးအသားဖြင့် ဦးဆောင်နိုင်ခဲ့ပါတယ်။

သို့သော်လည်း တပ်ဆိုဘာရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုမတိုင်မီ ဒေးဗစ်ရာအမ်က ချေပဂိုးသွင်းယူခဲ့တာကြောင့် လိုက်ပ်ဇစ်တို့ သရေ ၁ မှတ် ရရှိသွားခဲ့ပါတယ်။သရေကျခဲ့တာကြောင့် လေဗာကူဆင့် ၃ မှာရှိနေကာ ဇယားထိပ်က ဘိုင်ယန်မြူးနစ်နှင့် ၆မှတ်ကွာ အနေအထားသို့ ရောက်သွားပေမယ့် အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် အလွန်ဆိုက အကောင်းမြင်နေတာဖြစ်ပါတယ်။

"ဖလော်ရီယန်ဝစ်ဇ်က ၄ ကြိမ် ၅ ကြိမ်လောက် ကမ္ဘာ့အဆင့်လှုပ်ရှားမှုတွေလုပ်ခဲ့တာပါ။ သူ့ရဲ့ ပုံစံကို မြင်ရတာ သဘောကျမိပါတယ်။ ရလဒ်က ကောင်းသွားနိုင်သလို ဆိုးလည်းဆိုးသွားနိုင်ပါတယ်" "ကျွန်တော်တို့က တတိယဂိုးသွင်းယူဖို့ အခွင့်အရေးတွေရရှိခဲ့ပါတယ်။ ဒါက ပွဲကို အပြီးသတ်နိုင်တဲ့ အခွင့်အရေးပါ။ မက်ဒရစ်မှာ ကစားခဲ့ပြီးနောက် ဒီကိုခက်ခက်ခဲခဲနဲ့ လာခဲ့ရတာပါ။ ကျွန်တော်တို့က ဆက်သွားဖို့လိုအပ်ပါတယ်" လို့ အလွန်ဆိုက ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

လက်ရှိရာသီမှာ လေဗာကူဆင်ဟာ ၁၇ ပွဲ ရှုံးပွဲမရှိသေးတာဖြစ်ပြီး ၆ ပွဲ သရေကျထားတာကြောင့် ဆုဖလားပြိုင်ဆိုင်မှုတွင် ဘိုင်ယန်မြူးနစ်က အသားစီးရရှိထားတာဖြစ်ပါတယ်။ လက်ရှိရာသီမှာ ချန်ပီယံဘွဲ့ကိုထိန်းဖို့အတွက် အသင်းက တိုးတက်အောင်လုပ်ရမယ်ဆိုတာကို အလွန်ဆိုက သိနေတာဖြစ်ပါတယ်။

"ကျွန်တော်တို့က ဆက်လက်ဦးဆောင်လိုပါတယ်။ ဒါကြောင့် ကျွန်‌တော်တို့က ဆက်လက်လုပ်ရမှာပါ။ လိုက်ပ်ဇ်ကလည်း အမှတ်ရရှိဖို့အတွက် ကြိုးစားခဲ့တယ်လို့ ပြောချင်ပါတယ်" လို့ အလွန်ဆိုက ပြောပါတယ်။ ဒုတိယပိုင်းမှာ လေဗာကူဆင်ရဲ့ကစားသမားတွေဖြစ်တဲ့ ဟင်ကပ်ပီ၊ ဝစ်ဇ်၊ ပါလာစီယိုတို့ဟာ ဂိုးမသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ အလွန်ဆိုရဲ့အသင်းဟာ xG ၂.၅၅ အထိရှိခဲ့ပြီး လိုက်ပ်ဇစ်ဟာ ၀.၇၃ သာ ရှိခဲ့ပါတယ်။

"ဒုတိယပိုင်းမှာ ကျွန်တော်တို့က ပြိုင်ဘက်ရဲ့ဂိုးပေါက်ရှေ့မှာ လုံလောက်အောင် လုပ်မပြနိုင်ခဲ့ပါဘူး။ လိုက်ပ်ဇစ်ကတော့ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်" "ဒီနေရာမှာ နိုင်တဲ့အသင်းက နည်းပါတယ်။ ကျွန်တော်တို့က ကျစ်လစ်ပြီး ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ သို့သော်လည်း ကံမကောင်းစွာဘဲ အနိုင်ရရှိဖို့ မလုံလောက်ခဲ့ပါဘူး" လို့ အလွန်ဆိုက ပြောပါတယ်။